Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ ့ဌာနချင်း ချိတ်ဆက်မိရေးဆောင်ရွက်လျက်ရှိ

ပုံစာလျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်၀င်း ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ၂ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဌာနများအကြား ချိတ်ဆက် ဆောင်ရွက်မှု အားနည်းခဲ့သဖြင့် စည်ပင်သာယာ လုပ်ငန်းများ အဆင်မပြေဖြစ်ခဲ့မှုများကို နောင်တွင် မဖြစ်ပေါ်စေရေးအတွက် ဌာန တစ်ခုနှင့် တစ်ခု ချိတ်ဆက်မိစွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးခင်မောင်၀င်းက ပြည်သူ ့လွှတ်တော် ယနေ ့ အစည်းအေ၀းတွင် ဖြေကြားခဲ့သည်။

“တိုးချဲ ့ တည်ဆောက်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မူလ ရှိပြီး လမ်းတံတား၊ လျှပ်စစ်ဓာတ် အား လိုင်း၊ ဆက်သွယ်ရေး လိုင်းတွေအတွက် တိုးချဲ ့တည်ဆောက်လိုတဲ့ ဌာနက ပြောင်းရွှေ  ့တည် ဆောက် ပေးရမယ့် ဌာနအတွက် ကုန်ကျစရိတ်ကို တာ၀န်ယူ ဆောင်ရွက်ပေးဖို ့ မူချမှတ်ထားပါတယ်၊ ဌာနချင်း ညှိနှိုင်း ဆောင်ရွက်မှုအားနည်းခဲ့တာကြောင့် အဆင်မပြေမှုတွေပေါ်ပေါက်ခဲ့ရတာပါ” ဟု လည်း ဒုတိယ ၀န်ကြီးက ပြောခဲ့သည်။

တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများတွင် လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပို ့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စသည့် ဌာနများက လုပ်ငန်းများ မဆောင်ရွက်မီ ထိုလုပ်ငန်းတွင် ပါ၀င်သည့် ဌာနများကို ကြိုတင် ချပြဆောင်ရွက်ကြရန်၊  ဌာန တစ်ခုနှင့် တစ်ခု ညှိနှိုင်းပြီး ဘတ်ဂျက်လျာထား ဆောင်ရွက်ကြ ရန်၊ လိုအပ်သော ဘတ်ဂျက်ကို သက်ဆိုင်ရာ ဌာနအလိုက် ဌာန ဘတ်ဂျက်အဖြစ် တင်ပြ ဆောင်ရွက်  သွားရန်၊ ဘတ်ဂျက် မလုံလောက်ပါက အစိုးရအဖွဲ ့ထံ ကြိုတင် တင်ပြ တောင်းခံ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ ့က မူ၀ါဒချမှတ်ထားပြီး ဖြစ်ကြောင်း၊ သို့ ရာတွင် ညှိနှိုင်းဆောင်ရွက်မှုများ အားနည်းခဲ့ သဖြင့် လှိုင် မြို ့ နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး တင်ပြသည့်အတိုင်း စည်ပင် သာယာက လမ်းတိုးချဲ ့ရာတွင် ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေးတိုင်များ၊ လမ်းပေါ် ကျန် နေခဲ့ခြင်း၊ ရေမြောင်းထဲ ရောက်ရှိသွားခြင်း၊ နောက်မှ ဘတ်ဂျက် တောင်းခံပြီး ရွှေ ့ပြောင်းပေးရခြင်း တို ့ဖြစ်ပေါ်ခဲ့ရကြောင်း၊ နောက်ထပ် ထိုသို ့ မဖြစ်စေရန် ယခု ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးကပြန်လည်ဖြေကြားခဲ့သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.