Connect with us

Politics, Law & Military

NCA ကို အကောင်အထည် ဖော်ရန် အတွက် ပထမဆုံး ခြေလှမ်းအဖြစ် JICM အစည်းအဝေး ကျင်းပ


ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM )ကို ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဖွဲ့စည်းခြင်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက “အစည်းအဝေးကို တက်ရောက် လာကြတဲ့ တာဝန်ရှိသူတွေ အနေနဲ့ JICM ရဲ့ လုပ်ပိုင်ခွင့် တွေကို NCA မှာ ပါရှိတဲ့ အတိုင်း သတ်မှတ် ပေးသွားရမှာ ဖြစ်ပါတယ်။ NCA မှာ သဘော တူညီထားတဲ့ အတိုင်း JMC နဲ့ UPDJCကို ဖွဲ့စည်းပြီးတာနဲ့ ဒီအစုအဖွဲ့ ၂ ခုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပူးတွဲ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်’’ ဟု ပြောကြားခဲ့သည်။

NCA စာချုပ်ကို အကောင်အထည် ဖော်ရာတွင် မှန်းဆ၍ မရနိုင်သော အခက်အခဲမျိုး ရင်ဆိုင်ရသည့် အခြေအနေလည်း ရှိလာနိုင်ကြောင်း၊ သို့သော်လည်း ယခင့်ယခင် ကာလများ ကဲ့သို့ နှစ်ဖက် စိတ်ရှည် သီးခံမှုများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြလျှင် အဆိုပါ အခက်အခဲများကို ကျော်လွှား နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယခု JICM ကိုဖွဲ့စည်းပြီး အဓိက အကောင်အထည် ဖော်သွားမည့် JMC နဲ့ UPDJC ကို အသက်ဝင်လာရန် အားလုံး ကြိုးပမ်းသွားကြရေး တိုက်တွန်းလိုကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM ) ကျင်းပနေစဉ် (ဆင်ဟွာ)

တိုင်းရင်းသား ကိုယ်စားလှယ် ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ ဒီအစည်းအဝေးပွဲဟာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး အကောင်အထည်ဖော်မှုမှာ အဓိက တာဝန်ရှိပါတယ်။ ဒီ အကောင်အထည်ဖော်မှု ဖြစ်ဖို့အတွက် လိုအပ်တဲ့ ကြီးကြပ်မှု ၊ လိုအပ်တဲ့ စေ့ဆော်မှုတွေကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေး ကနေ ကျွန်တော်တို့ လက်တွေ့ ဆောင်ရွက်ရမယ့် စစ်ဘက်ဆိုင်ရာ ဖြစ်တဲ့ စောင့်ကြည့် လေ့လာတဲ့ အဖွဲ့ကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးမယ့် ကော်မတီကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်’’ ဟု ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ နှင့် လက်မှတ် ရေးထိုးပြီး ယနေ့ အစည်းအဝေးသည် ပထမဆုံး အကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်သည်။ NCA ကို အကောင်အထည် ဖော်ရန်အတွက် ယခု အစည်းအဝေးသည် ပထမ ခြေလှမ်း ဖြစ်ကြောင်း သိရသည်။
ပဒိုစောကွယ်ထူးဝင်းက “လက်တွေ့ အကောင်အထည်ဖော်တဲ့ ခေါင်းဆောင်တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ရဖို့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုက တဆင့် အဖြေရှာဖို့ ပြောကြား လိုပါတယ်’’ ဟုလည်း ပြောကြားခဲ့သည်။ (Xinhua)