Connect with us

Politics, Law & Military

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်ကိုခန့်အပ်ရန် သမ္မတ အဆိုပြု

ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၏ ကိုယ်ရေးအကျဉ်းအားတွေ့ရစဉ်

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌနေရာကို လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုခဲ့ကြောင်း သိရသည်။

သက်တမ်းကုန်ဆုံးပြီး လစ်လပ်မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးနေရာ အတွက် လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ခန့်အပ်ရန် သမ္မတဦးဝင်းမြင့်က ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော်ထံ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

အဆိုပါ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်အား ဆက်လက်တာဝန်ပေးအပ်ရေးနှင့် ပတ်သက်ပြီး နောက်ရက် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ ကန့်ကွက်လိုသူများရှိပါက ခိုင်လုံသော အထောက်အထားနှင့် ကန့်ကွက်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဦးကျော်ကျော်မောင်သည် ၂၀၁၃ ခုနှစ်မှစ၍ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး ဇူလိုင်လကုန်တွင် ဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.