Connect with us

Politics, Law & Military

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၌ အမျိုးသားကျန်းမာရေး စီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်

ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန် ရှင်းလင်း တင်ပြစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် မူဝါဒ ၁၂ ရပ်၊ ရည်မှန်းချက် ၂၆ ရပ်၊ လုပ်ငန်းစဉ် ၄၃ ရပ်တို့ကိုဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်များ တွင် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၁၀ ရပ်တို့ပါဝင်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ပြည်ထောင်စု လွှတ်တော်သို့ပြောကြားခဲ့သည်။

“ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များထဲမှ နှစ်ရပ်ကို တင်ပြလိုပါတယ်။ ၁ – အမျိုးသား ကျန်းမာ ရေး စီမံကိန်း (၂၀၁၁- ၂၀၁၇ – ၂၀၂၁)ကို အကောင်အထည်ဖော်ခြင်းအားဖြင့် လူတိုင်း လက်လှမ်းမီ ကျန်းမာရေး လွှမ်းခြုံမှု တိုးမြင့် ရရှိနိုင်ရန် ဆောင်ရွက်မည့် အစီအစဉ်နှင့် ၂ – တစ်မျိုးသားလုံး ကျန်းမာ သန်စွမ်းရေးနှင့် ပညာရည် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်ရန် အထောက်အကူပြု ကိရိယာများ မပါဝင်သည့် လေ့ကျင့်ခန်း ပြုလုပ်နိုင်သည့် နေရာ များ စီစဉ်ပေးခြင်း၊ out-door fitness equipment များ၊ ဦးစားပေး နေရာများ ရွေးချယ် တပ်ဆင်ပေး ခြင်း။ နယ်မြေဒေသ အလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများ၌ အားကစားနည်းများကို အချိန် သတ်မှတ်၍ ပြည်သူ လူထု ဝင်ရောက်ကစားခွင့် ရရှိနိုင်ရေးနှင့် ပြည်သူူထု ကျယ်ပြန့်စွာ သိရှိနိုင်ရေးစီစဉ် ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု တစ်ရပ်လုံး အားကစား စိတ်ဓာတ် မြင့်မား လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ ပါဝင်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထားငွေ စုစုပေါင်း ၁၁၉၀ ဒသမ ၇၈၅ ဘီလီယံ ကျပ် (သာမန် အသုံးစရိတ် – ၇၃၇ ဒသမ ၂၅၁ ဘီလီယံ ကျပ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် – ၄၁၃ ဒသမ ၅၃၄ ဘီလီယံ ကျပ်)တောင်းခံထားပြီး ထိုသို့ တောင်းခံထားသည့် အနက် နိုင်ငံတော်မှ လျာထားမှု ၉၅၅ ဒသမ ၈၃၃ ဘီလီယံကျပ် ဖြစ်ပြီး ပြည်ပ လျာထားမှု ၁၉၄ ဒသမ ၉၀၂ ဘီလီယံကျပ် ဖြစ်ကြောင်း၊ ပြည်ပ လျာထားမှုအနေဖြင့် အထောက်အပံ့ ၁၅၉ ဒသမ ၃၉ ဘဘီလီယံ ကျပ်၊ ချေးငွေ ၃၅ ဒသမ ၅၁၀ ဘီလီယံကျပ် တို့ ပါဝင်ကြောင်း၊ စုစုပေါင်း တောင်းခံငွေ၏ ၃၆ ရာခိုင်နှုန်း ရှိသည့် ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ၆၈ ဒသမ ၉၉ ရာခိုင်နှုန်း၊ စက်ပစ္စည်း ဝယ်ယူရေးအတွက် ၂၉ ဒသမ ၈၇ ရာခိုင်နှုန်း ခွဲဝေသုံးစွဲရန်လျာထားကြောင်းလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.