Connect with us

Politics, Law & Military

မင်္ဂလာဒုံမြို့နယ်ရှိ ကျူးကျော်နေအိမ် ၄၇၈ လုံး ဖယ်ရှားရှင်းလင်း


ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

မင်္ဂလာဒုံမြို့နယ်၊ပျဉ်းမပင်စက်မူဇုန်အတွင်းရှိ ကျူးကျော်နေထိုင်နေသော နေအိမ် ၄၇၈ လုံးကို ယနေ့ နံနက်တွင် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျူးကျော်များကို လုံခြုံရေးနှင့် အရပ်သား အင်အားတစ်ထောင်ခန့်က ဘူဒိုဇာများကိုပါ အသုံးပြု၍ ဖယ်ရှားလျက်ရှိသည်။

မင်္ဂလာဒုံမြို့နယ်၊ပျဉ်းမပင်စက်မူဇုန်အတွင်းရှိ ကျူးကျော် နေအိမ်များကို စက်ယန္တရားကြီးများနှင့် ဖယ်ရှားနေစဉ် (ဆင်ဟွာ)

စက်မှုဇုန်အတွင်းရှိ ကျူးကျော်ဟုသတ်မှတ်ခံထားရသည့် ရပ် ကွက်သုံးခုမှ အိမ်ထောင်စုနှစ် ထောင်ခန့်ကို ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထား ပြောင်းရွှေ့ကြရန် ညွှန်ကြားထားသည်။

ဇန်နဝါရီ ၂၃ ရက်တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက် ၇၃၊ ၇၄၊ ၇၅ နှင့် ၆၁ ရပ်ကွက်များရှိ ကျူးကျော်အိမ်ခြေ ၂၃၂အိမ်ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနက ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို လုံခြုံရေးခေါ်ယူပြီး စက်ယန္တရား ကြီးများအသုံးပြုကာ အင်အားသုံး ဖယ်ရှားခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ အစိုးရစီမံကိန်းနယ်မြေများတွင် ဝင်ရောက်ကျူးကျော်နေသောနေ အိမ်များကို ဖယ်ရှားရှင်းလင်းသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလုံ ခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောကြားထားပြီးနောက် ဆက်တိုက် ကျူးကျော်များကို ရှင်းလင်း ဖယ်ရှားလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.