Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီးအတွင်း ကျပ် သိန်း ၂၅,၆၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖမ်းဆီးရမ်သော တရားခံနှင့် စိတ်ကြွရူးသွပ်ဆေးပြား၊ဘိန်းဖြူများအား တွေ့ရစဉ်(CCDAC)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်တွင် ကျပ် သိန်း ၂၅,၆၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်)မှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် မတ် ၁၇ ရက်နေ့က ငွေကျပ် ၁၆၉၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၂၄၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

(၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်များအား ရှာဖွေနေစဉ် မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ စီးနင်းမောင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် အံဝှက်များပြုလုပ် သိုဝှက်သယ် ဆောင်လာသော ရောက်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၄၂ ကီလို(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၁,၆၉၄ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄,၀၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားခံနှင့် မူးယစ်ဆေးဝါးများအား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.