Connect with us

Politics, Law & Military

မရမ်းကုန်းမြို့နယ် နှင့် လှိုင်သာယာမြို့နယ် တို့တွင် ငွေကျပ် သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နှင့် လှိုင်သာယာမြို့နယ် တို့တွင် ငွေကျပ် သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဇွန် ၂၀ ရက်နေ့ ၂၀း၃၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းဓမ္မလမ်း၊ Seoul Hotel(မြန်မာ) အရှေ့ ကားပါကင်၌ Toyota Caldina မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်ရှိ ရှုံ့ကြိုးအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇,၄၀၈ ပြားနှင့် လက်ကိုင်ဖုန်း ၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဇွန် ၂၁ ရက်နေ့ ၀၀၁၅ အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချရငွေများကို လက်ခံရယူရန် ရောက်ရှိလာသည့် လူနှစ်ဦးအား မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းဓမ္မလမ်းပေါ်တွင် Toyota Belta မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးကာ ဆက်လက်၍ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၂)၊ မက္ခရာမင်းသားကြီး မောင်ပျိုးလမ်း၊ အမှတ်(၁၈၆)၊ ကျင်ကျန် အထည်ချုပ်စက်ရုံဝင်း၊ အမျိုးသားဝန်ထမ်းအိပ်ဆောင်၊ အခန်းအမှတ်(၁၀၄)ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၃ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းဖမ်းဆီးရမိသူတို့အား စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.