Connect with us

Politics, Law & Military

မလိုလားအပ်သည့် ငွေကုန်ကျမှုများ လျော့ကျရန် မီတာ လေးမျိုး စနစ် ကျင့်သုံးမည်

လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၄ ရက်(ဆင်ဟွာ)

မလိုလားအပ်သည့် ငွေကုန်ကျမှုများ လျော့ကျရန် မီတာ လေးမျိုး စနစ် ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် ဧပြီ လဆန်း (၁) ရက်နေ့တွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ လျှပ်စစ်မီး စတင် အသုံးပြုမယ့်သူက နိုင်ငံ့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ရှိနေပါတယ်၊ လျှပ်စစ်မီး စတင်သုံးစွဲချိန်မှာ မလိုလားအပ်တဲ့ ဈေးကြီးတဲ့ မီတာတွေနဲ့ မတွေ့ရအောင် သုံးတဲ့ ယူနစ် အနည်းအများအလိုက် မီတာ လေးမျိုးခွဲခြားပြီး တပ်ဆင်တဲ့ စနစ်ကို ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေနဲ့ဧပြီလ ၁ ရက်နေ့မှာ စပြီး အကောင်အထည်ဖော်ပါ့မယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

သတင်းစာ ရှင်းလင်းပွြဲပုလုပ်နေစဉ် (ဆင်ဟွာ)

အသစ် တပ်ဆင်မည့် အိမ်သုံး မီတာများကို ကျေးလက်သုံး၊ မြို့ငယ် သုံး၊ မြို့ကြီး သုံး နှင့် လုပ်ငန်းသုံး 3 – 4 Face power meter ဟူ၍ လေးမျိုးခွဲခြားကာ အသုံးပြုသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားသည်။အဆိုပါ မီတာများသည် တရားမဝင် ဓာတ်အား သုံးစွဲမှုမများကို မှတ်သားသိရှိနိုင်ပြီး မီတာများကို စစ်ဆေးသည့် Type Test အောင်မြင်၍ ISO/ IEC နိုင်ငံတကာ အသိအမှတ်ပြု Laboratory မှ Certificate ရရှိထားသော မီတာများ ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ နောက် သုံးနှစ်အကြာတွင် ယခုထက် နှစ်ဆခန့် တိုးမြင့်လာပြီး မဂ္ဂါဝပ် ခြောက်ထောင်ခန့်အထိ ရောက်ရှိလာနိုင်သဖြင့် လျှပ်စစ်ဓာတ်အား လုံလောက် ရန် မဟာဗျူဟာ များ ချမှတ်ပြီး ဆောင်ရွက်နေပြီဖြစ်ရာ LNG စက်ရုံကြီး သုံးခု တည်ဆောက်ရေး အတွက် ဇန်နဝါရီလထဲတွင် LNG ကုမ္ပဏီသုံးခုနှင့် အခြး ကုမ္ပဏီ တစ်ခုတို့အား ခွင့်ပြုပေးခဲ့ကြောင်း လည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

“ဒါဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ရဲရဲဝံ့ဝံ့ဆုံဖြတ် ဆောင်ရွက်ခဲ့တာပါ၊ လာမယ့် သုံးနှစ်မှာ နောက်ထပ် ဓာတ်အား သုံးထောင် မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့အပြင် လက်ထဲမှာ အရန် လျှပ်စစ်ဓာတ်အားတွေ ရလာနိုင်အောင် အထိ လုပ်ကြရပါမယ်၊ မြန်မာ ပြည်သူတွေရဲ့ ကြုံနေရတဲ့ လျှပ်စစ်ဒုက္ခတွေကို သုံနှစ်အတွင်း ဖြေရှင်းပေးမယ် ဆိုတာ နိုင်င့တော် အစိုးရရဲ့ ဆန္ဒပဲဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အစီအစဉ်များ အပါအဝင် LNG လျှပ်စစ်ဓာတ်အားပေး စက်ရုံလေးခု အခြေအနေ၊ အိမ်သုံး မီတာများနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားမှုများ၊ ကမ်းလွန် လုပ်ကွက်များ အခြေအနေ၊ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်အတွက်လုပ်ငန်း လျင်မြန်ရေး ဆောင်ရွက်ထားရှိမှုများ စသည်တို့ကို သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက အသီးသီး ရှင်းလင်း ဖြေကြားခဲ့ကြသည်။ (Xinhua)