Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်မှ နေ့ရပ်စွန့်ခွာသူများ ပြန်လည် စိစစ် လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်ရန် အစွမ်းကုန် ဆောင်ရွက် နေဟုဆို

ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများ နှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများ ပြန်လည် စိစစ် လက်ခံရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်မှ နေ့ရပ်စွန့်ခွာသူများ ပြန်လည် စိစစ် လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်ရန် အစွမ်းကုန် ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ယနေ့မတ် ၁၄ ရက်တွင် ပြုလုပ်သော ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများ နှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် စိစစ် လက်ခံရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီပြန်လည် ခေါ်ယူရေး လုပ်ငန်းစဉ်ကို မည်သူတစ်ယောက်ကမှ နိုင်ငံရေး အမြတ် မထုတ်သင့်ပါ။ဒီလုပ်ငန်းစဉ် အောင်မြင်ဖို့ အတွက် ကျွန်တော်တို့အစွမ်းကုန် ဆောင်ရွက်နေပါတယ်။ဘင်္ဂလားဒေ့ရှ် အစိုးရ ကလည်း အဲဒီလိုပဲ ဆောင်ရွက်လိမ့်မယ်လို့ရိုးသားစွာ ယုံကြည်ပါတယ်။”ဟု ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားခဲ့သည်။

ထိုသတင်းစာ ရှင်းလင်းပွဲ၏ အဓိက ရည်ရွယ်ချက် အဖြစ် ဘင်္ဂလားဒေရှ် နိုင်ငံသို့ထွက်ပြေး သွားသူများကို စနစ်တကျ ပြန်လည် ခေါ်ယူရေးနှင့် ပတ်သက်၍ မြန်မာ နိုင်ငံ ဘက်မှ အဆင်သင့် ဖြစ်နေမှု အနေအထားကို နိုင်ငံတကာ အသိုက်အဝန်းသို့၎င်းက အသိပေး ပြောကြားခဲ့သည်။

“ပြန်လည် ခေါ်ယူရေးနဲ့ပတ်သက်လို့ကျွန်တော်တို့နိုင်ငံဘက်က အားလုံး အဆင်သင့် ဖြစ်နေခဲ့တာ အတော် ကြာခဲ့ပါပြီ။ဒါပေမယ့် ကျွန်တော်တို့အနေနဲ့တစ်ဦးတစ်ယောက်ကိုမှ လက်ခံ နိုင်ခြင်း မရှိသေးပါဘူး။”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ထည့်သွင်း ပြောကြားခဲ့သည်။

လူအစုလိုက် အပြုံလိုက် ထွက်ပြေး သွားရခြင်း အဓိက အကြောင်းရင်း ၃ ချက် အဖြစ် အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့် သော်လည်းကောင်း ၊ သံသယဖြင့် သော်လည်းကောင်း ဖမ်းဆီး ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး သွားကြခြင်း ဖြစ်ကြောင်း ၊ ဒုတိယ အချက်မှာ ARSA နှင့် ၎င်း၏ ထောက်ခံသူများ၏ ခြိမ်းခြောက်မှုကြောင့် ဖြစ်ကြောင်း ၊ တတိယ အချက်မှာ တတိယ နိုင်ငံ တစ်ခုတွင် အခြေချခွင့် ရမည် သို့မဟုတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံက စခန်းများတွင် စားဝတ်နေရေး ပိုမို ပြေလည်မည် ဆိုသည့် မျှော်လင့်ချက်များကြောင့် ထွက်ပြေးရန် စည်းရုံးခံခဲ့ကြရကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အသိုက်အဝန်းအား ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ် အောင်မြင်ရေး ဝိုင်းဝန်း ကူညီလာကြရန် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ထည့်သွင်း ပြောကြားခဲ့သည်။

နေရပ် ရွှေ့ပြောင်း သွားခဲ့ကြသူများကို ပြန်လည် ခေါ်ယူရေး နှင့် ပတ်သက်၍ သဘောတူညီချက်အား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် လက်မှတ် ရေးထိုးပြီး ၂ လ အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် မတိုင်မီ စတင်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ လလယ်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရမှ ပုံစံ ၈၀၀၀ ကျော်ကို ပြန်လည် ပေးပို့လာခဲ့ရာ အရေးကြီး သည့် အချက်အလက်များ နှင့် လက်ဗွေ စစ်ဆေးမှု လုပ်ရန် လိုအပ်ချက်များ ပါဝင် မလာကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးကြီးသည့် တိုးတက် ဖြစ်ပေါ်မှုများ အနက် အချို့မှာ ပြန်လည် ခေါ်ယူရေး လုပ်ငန်းစဉ်တွင် မြန်မာ အစိုးရကို ကူညီပံ့ပိုးရန် UNHCR နဲ့UNDP တို့နှင့် ဆွေးနွေးနေကြောင်း ၊ သတင်းမီဒီယာ များ အတွက် ရခိုင်မြောက်ပိုင်းသို့ခရီးစဉ်များကို ၂ ပတ် တစ်ကြိမ် ဆောင်ရွက် ပေးလျက် ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.