Connect with us

Politics, Law & Military

မိုင်းဒဏ်ထိ ပြည်သူ ငါးရာကျော်အတွက် ငွေကျပ် သိန်း တစ်ထောင်ကျော် ထောက်ပံ့ခဲ့

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြစဉ်(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

မိုင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာရသူများအား တစ်ဦးးလျှင် ငွေကျပ် နှစ်သိန်း ထောက်ပံ့ခဲ့ရာ ၂၀၁၇ – ၁၈ ဘဏ္ဍနှစ်မှ ယနေ ့အထိ ဒဏ်ရာရပြည်သူ ၅၃၅ ဦးအတွက် ငွေကျပ် ၁၀၇၀ သိန်း ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး၀င်းနိုင်ထွန်းက ယနေ ့ ပြောကြားခဲ့သည်။

“၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ မိုင်းအန္တရာယ် ထိခိုက်ခံရသူ ၁၆၈ ဦး ရှိပြီး ၄၂ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်၊ ကျန်၁၂၆ ဦးက မသန်စွမ်း ဖြစ်ခဲ့ပါတယ်။ မိုင်းအန္တရာယ် ကြုံတွေ့နေရတဲ့ ပြည်နယ်တွေက ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို ့ဖြစ်ပါတယ်၊ ရာခိုင်နှုန်းအရ ဆိုရင် ရှမ်းပြည်နယ်မှာ ၄၆ ရာခိုင်နှုန်း၊ ရခိုင်ပြည် နယ် မှာ ၂၄ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၁၈ ရာခိုင်နှုန်းအထိ မိုင်းအန္တရာယ် ထိခိုက်ခံနေရတာ တွေ ့ရပါတယ်”ဟုလည်း ၎င်းက ပြောခဲ့သည်။

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး၀င်းနိုင်ထွန်း အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ်တွင် ၁၅၉ ဦး မိုင်းဒဏ်ခံရပြီး ၂၃ ဦးသေဆုံးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၁၇၆ ဦး မိုင်းထိခဲ့ပြီး ၅၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း၊ ထို ့ကြောင့် မိမိတို့ နိုင်ငံတွင် မသန်စွမ်းသူဦးရေ တစ်နှစ်ထက်တစ်နှစ် ပိုများလာကြောင်း၊ မိုုင်းအန္တရာယ် ပညာပေးလုပ်ငန်းများကို ၂၀၁၂ ဧပြီလ ကတည်းက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဦးစီးပြီး သက်ဆိုင်သော ၀န်ကြီးဌာနများ၊ နိုင်ငံတကာ NGOs  များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ခုနစ်နှစ်တာကာလအတွင်း မိုင်းအသိပညာပေးကို တိုးမြှင့် ဆောင်ရွက်လာခဲ့ကြောင်း၊ ယခု နောက်ပိုင်းတွင် မိုင်းထိသူများအား ထောက်ပံ့ရေး အစီအစဉ်များ ဆောင်ရွက်လာခဲ့ကြောင်း၊ ကချင်၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တို ့တွင် ပြည်နယ်အဆင့် မိုင်းအသိပညာပေးအဖွဲ ့များကို ၂၀၁၆ ခုနှစ်၌ ဖွဲ ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို ့တွင်လည်း အလားတူ ပြညနယ်အဆင့် အဖွဲ ့ ့များ ဖွဲ ့စည်း ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်လျက်ရှိကြောင်း၊ အာဆီယံ နိုင်ငံများတွင် မိုင်းအန္တရာယ် ကျရောက်သော ငါးနိုင်ငံ (မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) ရှိပြီး ကျန်နိုင်ငံများတွင် လည်း Mine Action Authority, Mine Action Centre များ ဖွဲ ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ ့ အလုပ်ရုံ ဆွေးနွေးပွဲ၏ Mine Action Authority ဖွဲ ့စည်းရေးကို ယခင် အစိုးရ လက်ထက် ကတည်းက နေော်၀နိုင်ငံ အကူအညီဖြင့် ဆောင်ရွက်ခဲ့ သော်လည်း ၂၀၁၆ ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့ ကြောင်း၊ IDP (Internal Displaced Person) Camp  များ ဖျက်သိမ်းပြီး နေရပ်ပြန်ဖို ့ ကိစ္စများ ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်လာ သည့်အခါ မိုင်းးရှင်းလင်းရေးကို ဒေသခံ တွေကတောင်းဆိုမှုများ ရှိလာကြောင်း၊ ထိုလုပ်ငန်းများကို သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ ့ အစည်း များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ယနေ ့ အလုပ်ရုံ ဆွေးနွေးပွဲက ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု မိမိမျှော်လင့်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

နယူးဇီလန် သံအမတ် Me. Steve Marshal အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံအမျိုးသား အဆင့် မိုင်းကင်းစင်ရေး လှုပ်ရှားမှု အာဏာပိုင်အဖွဲ ့ ဖွဲ ့စည််းတည်ထောင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော် Hilton Hotel တွင် ယနေ ့ ပြုလုပ်သော အဆိုပါ Myanmar National Mine Action Authority အလုပ်ရုံ ဆွေးနွေးပွဲသို ့ တက်ရောက် လာသည့် ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယ ဗိုလ်မှူးကြီး အေး၀င်းကလည်း  မြန်မာနိုင်ငံ အမျိုးသား အဆင့် မိုင်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှု အာဏာပိုင်အဖွဲ ့ ့ဖွဲ ့စည်းရေးအတွက် တပ်မတော်က ပူးပေါင်း ပါ၀င် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံဆိုင်ရာ နယူဇီလန် သံအမတ်၊ Geneva International Centre for Humanitarian Demining မှ ညွှန်ကြားရေးမှူးနှင့် ပြည်တွင်း ပြည်ပ ဆက်စပ်အဖွဲ ့ အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.