Connect with us

Politics, Law & Military

မောင်တောအစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းမည်ဟု ဒုတိယ သမ္မတဆို

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

အဆိုပါ ကော်မရှင်အဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် အသေးစိတ်အစီရင်ခံစာ(မူကြမ်း)ကို စုစည်း ရေးသားပြီး ဖြစ်ပါကြောင်း၊ အစီရင်ခံစာ၌ မိမိတို့ကော်မတီက အဓိကဖော်ထုတ်စိစစ်ရမည့် လုပ်ငန်းကိစ္စရပ် (၈)ခုကို ခြုံငုံရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်သည် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မောင်တောဒေသလုံခြုံရေး၊ နိုင်ငံတော်၏အချုပ်အခြာအာဏာ ပျံ့နှံ့တည်တံ့ရေးတို့အတွက် ဘက်လိုက်မှုမရှိဘဲ၊ လွတ်လပ်စွာ သုံးသပ်အကြံပြုရမည်ဖြစ်ပါကြောင်း၊ အစီရင်ခံစာကို အကောင်းဆုံး၊ အပြည့်စုံဆုံး၊ ပြုစုတင်ပြသွားမည်ဖြစ်ပါကြောင်း၊ အစီရင် ခံစာ၌ အကြံပြုချက်များ နှင့်စပ်လျဉ်း၍ အမြန်ဆုံးထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကိစ္စများကို အလေးထားဆက်လက်အကောင်အထည်ဖော်သွားရန် ညှိနှိုင်း တိုက်တွန်းသွားမည် ဖြစ်ပါကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.