Connect with us

Politics, Law & Military

စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် ဒုတိယသမ္မတနှင့် ဂျန်နရယ်အီလက်ထရစ်ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌတို့ ဆွေးနွေး

ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် အမေရိကန် ပြည်ထောင်စုအခြေစိုက် ဂျန်နရယ်အီလက်ထရစ်ကုမ္ပဏီ(General Electric - GE)မှ ဒုတိယ ဥက္ကဋ္ဌ ဆွေးနွေးစဉ်(ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် အမေရိကန် ပြည်ထောင်စုအခြေစိုက် ဂျန်နရယ်အီလက်ထရစ်ကုမ္ပဏီ(General Electric – GE)မှ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဂျွန်ဂျီရိုက်စ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေပြည်တော် သမ္မတ အိမ်တော်၌ တွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် စွမ်းအင်ကဏ္ဍ တိုးတက်ရေးအပါအဝင် လျှပ်စစ်ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ တို့၌ လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်ရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ယင်း ဆွေးနွေးပွဲသို့နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117