Connect with us

Politics, Law & Military

မြန်မာနိုင်ငံက ၂၂ ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး နှင့် ၃၀ ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည်

အာဆီယံကြည်းတပ်ဦးစီးချုပ်များ၏ Virtual Conference အစည်းအဝေး ယနေ့ ကျင်းပပြုလုပ်မှုအား တွေ့ရစဉ်(ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

 ရန်ကုန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) 

၂၀၂၁ ခုနှစ်အတွက် (၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးနှင့်(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အလှည့်ကျသည့်မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် ယနေ့ ဇူလိုင် ၉ ရက်တွင် ကျင်းပပြုလုပ်သော အာဆီယံကြည်းတပ်ဦးစီးချုပ်များ၏ Virtual Conference အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းပြီးနောက် ကျင်းပပြုလုပ်ရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် (၁၄)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး(ACAMM XIV) နှင့် (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM XXIII) ကိုအိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ပြီးဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် အလှည့်ကျစနစ်အရ အိမ်ရှင်အဖြစ် ထပ်မံလက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယနေ့ ကျင်းပခဲ့သော အာဆီယံကြည်းတပ်ဦးစီးချုပ်များ၏ Virtual Conference အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ယင်းအစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် (၂၁)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အလှည့်ကျအိမ်ရှင်အဖြစ် ဘရူနိုင်းနိုင်ငံမှ ဦးဆောင်၍ Virtual Conferencing စနစ်ဖြင့် အစည်းအဝေး ကျင်းပရန်နှင့် COVID-19 ကူးစက်ပြန့်ပွားမှုအခြေအနေများကြောင့် (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM XXX) အား ကျင်းပခြင်းမပြုရန် ညှိနှိုင်းဆွေးနွေးသဘောတူ ဆုံးဖြတ်ကြကြောင်း သိရသည်။ 

ထို့အတူ အာဆီယံနိုင်ငံအသီးသီး၌  COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများနှင့် အာဆီယံတပ်မတော်အလိုက် ထိရောက်စွာပါဝင် ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အစည်းအဝေးတွင် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117