Connect with us

Politics, Law & Military

မြန်မာနိုင်ငံသစ်တောပြန်လည် ထူထောင်ရေးစီမံကိန်း လာမည်

သစ်တောတစ်ခုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေသည့် မြန်မာနိုင်ငံ၏ သစ်တောများ ပြန်လည် ထူထောင်ရေး အတွက် ပထမငါးနှစ် စီမံကိန်းကို ၂ဝ၁၇ ခုနှစ်တွင် စတင် ကျင့်သုံးမည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

သစ်တောများ ပြန်လည် ထူထောင်ရေး စီမံကိန်းကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ ခရိုင် ၆၈ ခရိုင်၌ အကောင်အထည် ဖော်မည်ဖြစ်ပြီး ပထမငါးနှစ် စီမံကိန်း ကာလတွင် သစ်တော ဖုံးလွှမ်းမှု ဧရိယာ တိုးတက်ရေး၊ သစ်တောပြုစု ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရေး၊ သစ်တော စိုက်ခင်းများ တည်ထောင်ရေးနှင့် ပြုစု ထိန်းသိမ်းရေး၊ သဘာဝ တောများ တောအဆင့် မနိမ့်ကျရေး၊ သဘာဝ တောများမှ ထုတ်ယူသုံးစွဲ နေသည့် ထင်း၊ မီးသွေး ထုတ်ယူသုံးစွဲမှု လျှော့ချရေးနှင့် ကျေးရွာသုံး ထင်းစိုက်ခင်း ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။

ထို့ပြင် စိုက်ခင်းသစ် တည်ထောင်ခြင်း အပါအဝင် သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကိုပါ အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး ရန်ပုံငွေနှင့် နည်းပညာ အကူအညီကို ပြည်ပ နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

သစ်တောများ ပြန်လည် ထူထောင်ရေး စီမံကိန်းကို ၁ဝ နှစ်တာ ရေးဆွဲထားပြီး ပထမ ငါးနှစ်စီမံကိန်း ကို ၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂၁ ဘဏ္ဍာနှစ်၊ ဒုတိယ ငါးနှစ်စီမံကိန်း ကို ၂ဝ၂၂ ဘဏ္ဍာနှစ်မှ ၂ဝ၂၆ ဘဏ္ဍာနှစ် အထိ ခွဲခြားသတ်မှတ် ထားကာ လက်ရှိတွင် တစ်နိုင်ငံလုံး၏ သစ် ထုတ်လုပ်မှုကို တစ်နှစ် ရပ်နားထားပြီး ပဲခူးရိုးမ သစ်ထုတ်လုပ်မှု ကို ၁ဝ နှစ်အထိ ရပ်နား ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.