Connect with us

Politics, Law & Military

မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် အကူအညီများပေးရန် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ထုတ်ပြန်

မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ထုတ်ပြန်ချက်အားတွေ့ရစဉ်

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် အခြားအကူအညီများပေးရန် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးကို အထောက် အကူပြုစေရန် မြန်မာနိုင်ငံ အပေါ်ကန့်သတ်ပိတ်ဆို့မှုများကို အဆုံးသတ်ရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် သမ္မတ၏ Executive Order အား ရုပ်သိမ်းရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား လူ့အခွင့်အရေး လေးစားမြှင့် တင်ရေး၊ လူမှောင်ခိုကူး မှုတိုက်ဖျက်ရေး ၊ rule of law အား ခိုင်မာအောင် မြှင့်တင်နိုင် ရေးတို့ အပါအဝင် စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုး မြှင့်သွားမည်ဖြစ်ကြောင့် ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံမှုအပြီးတွင် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှု၏ရလဒ်များကိုနှစ်နိုင်ငံ အကြား ပူးတွဲကြေညာချက်တရပ်ထုတ်ပြန် ခြင်းဖြစ်သည်။

အမေရိကန်သမ္မတအို ဘားမားက မြန်မာနိုင်ငံအပေါ် ကုန် သွယ်ရေးဆိုင်ရာအထူးကုန်စည်များ အခွန် ကင်းလွတ်ခွင့်(GSP)ပေးရန် စက် တင်ဘာ ၁၄ရက်တွင် အောက် လွှတ်တော်ကွန်ဂရက်သို့ စာလွှာ ပေးပို့ခဲ့ကြောင်း လည်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.