Connect with us

Politics, Law & Military

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် JMC-S ရုံးခြောက်နေရာအထိ ဖွင့်လှစ်မည်

JMC-U ၏ သတ္တမအကြိမ် အစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)ရုံးများအား ခြောက်နေရာအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ သတ္တမအကြိမ်အစည်းအဝေးထံမှ သိရသည်။

အဆိုပါ JMC-S ရုံးများကို ရှမ်း၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် လေးနေရာဖွင့်လှစ်ထားပြီး လက်ရှိ ပဲခူးနှင့် ချင်းပြည်နယ်များတွင်လည်း ဆက်လက် ဖွင့်လှစ်မည်ဖြစ်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ သတ္တမအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၁၃ရက်မှ ၁၅ရက်နေ့ထိ ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)တွင် ကျင်းပလျက်ရှိသည်။

ပြည်ထောင်စုအဆင့်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)နှင့် ကမ္ဘာ့ ကုလသမဂ္ဂ (UN) တို့အကြား တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များ၊ တိုင်းဒေသ ကြီး၊ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) ကို ပဲခူးတိုင်းဒေသကြီးတွင် ဖွဲ့စည်းရေးနှင့် ချင်းပြည်နယ် တွင် JMC-Sဆက်လက် ဖွဲ့စည်းရေးကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး (JMC) ဆိုင်ရာအချက်အလက်စနစ်များထားရှိ မည့် ကိစ္စရပ်များနှင့် နယ်မြေသတ်မှတ်မှု (Demarcation) ကိစ္စရပ်များဆွေးနွေး ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.