Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ သွားရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ ယခုလအတွင်း သွားရောက်မည် ဖြစ်ကြောင်း သမ္မတရုံးထံမှ သိရသည်။

အဆိုပါ ထိုင်းနိုင်ငံခရီးစဉ်ကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီကာလ အတွင်း တရားဝင်ခရီး သွားရောက်မည် ဖြစ်ကြောင်း သမ္မတရုံးက တရားဝင် ထုတ်ပြန်သည်။

အစိုးရသစ် လက်ထက် ပထမဦးဆုံး ပြည်ပ ခရီးစဉ်အဖြစ် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မေလ ၆ ရက်က ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ (Xinhua)