Connect with us

Politics, Law & Military

မြန်မာနိုင်ငံ နှင့် နိုင်ငံတကာ စံနှုန်းများနှင့် အညီ မှန်ကန်မျှတစွာ နှင့် ပွင့်လင်း မြင်သာစွာ တာဝန် ထမ်းဆောင် သွားမည် ဟု ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ထုတ်ပြန်

ရခိုင် ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ နှင့် နိုင်ငံတကာ စံနှုန်းများနှင့် အညီ မှန်ကန်မျှတစွာ နှင့် ပွင့်လင်း မြင်သာစွာ တာဝန် ထမ်းဆောင် သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်သည် ယနေ့ဒီဇင်ဘာ ၈ ရက်တွင် ပထမအကြိမ် အစည်းအဝေး ကျင်းပခဲ့ပြီး သတင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ထမ်းဆောင်ရမည့် တာဝန်များသည် တိုတောင်းသော အချိန် အတွင်းမှာ ကြီးမား ကျယ်ပြန့်မှု ရှိသည်ကို ကော်မရှင် အဖွဲ့ဝင်များက ကောင်းစွာ သတိပြု ခံယူထားကြောင်း ၊ ကော်မရှင် အဖွဲ့ဝင်များသည် တာဝန်များကို ထမ်းဆောင်သည့် အခါ ထိုကဲ့သို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် နှင့် မောင်တော ဒေသ ဖြစ်စဉ်များနှင့် ပတ်သက်၍ လူထုနှင့် နိုင်ငံတကာမှ စိတ်ဝင်စားစွာ စောင့်ကြည့် လျက်ရှိကြောင်း၊ ကော်မရှင် အနေဖြင့် တုန့်ပြန်ချက်များကို မြန်မြန် ဆန်ဆန် ဆောင်ရွက်နိုင်မှ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများကို လျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေက အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် အနေဖြင့် ဖြစ်စဉ်နေရာများသို့ သွားရောက်ပြီး ဖြစ်စဉ် အသေးစိတ်ကို မြေပြင်တွင်သွားရောက်စစ်ဆေးဖော်ထုတ်၍ အစီရင်ခံစာရေး သားကြရမည်ဖြစ်ကြောင်း ၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ဖြစ်စဉ် နေရာများသို့ အမြန်ဆုံးသွားရောက်ရမည်ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

နောက်နောင်တွင် ယခုကဲ့သို့သော အခြေအနေ နှင့် ပဋိပက္ခကို ရှောင်ရှားနိုင်ရန် လုပ်ဆောင်သွားရမည့် နည်းလမ်းများ ဖော်ထုတ်ရာတွင် မှန်ကန်သော သတင်း အချက်အလက်များ ရရှိရေး အတွက် သက်ဆိုင်သော အမျိုးသား အဆင့် နှင့် ဒေသန္တရ အဆင့်ရှိ အဖွဲ့အစည်းများနှင့် ထိခိုက် ခံစားရသည့် လူ့အသိုက်အဝန်းများ အပါအဝင် လူပုဂ္ဂိုလ်များက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ကော်မရှင် အနေဖြင့် အားထား မျှော်လင့်ကြောင်း ၊ ထိုသို့ဆောင်ရွက်ရာတွင် ကော်မရှင်သည် တာဝန်ခံမှု ရှိစွာဖြင့် အားသွန်ခွန်စိုက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် စတင် ဖြစ်ပွား သည့် အောက်တိုဘာ ၉ ရက်မှ ယနေ့အထိ နောက်ဆုံး အခြေအနေများအရ ကျဆုံး တပ်မတော်သား ၇ဦး၊ ကျဆုံးရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ ဒဏ်ရာရ တပ်မတော်သား ၃ဦး၊ ဒဏ်ရာရရဲတပ်ဖွဲ့ဝင် ၇ဦး၊ အရပ်သား ၁ ဦး၊ တပ်မတော်မှ လက်နက် ၂လက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လက်နက် ၃၉ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ အရောက် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.