Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးတွင် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုမိန့် ၆ ခု နှင့် အတည်ပြုမိန့် ၂ ခု ခွင့်ပြုရန် ဆုံးဖြတ်

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ( ၁၀ / ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း များအား ခွင့်ပြုမိန့် ( ၆ ) ခု နှင့် အတည်ပြုမိန့် ( ၂ ) ခု ခွင့်ပြု ရန် ဆုံးဖြတ်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များ အပေါ် ဆွေးနွေးစိစစ်မှု ပြုရန် အတွက် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ( ၁၀ / ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးအား ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ထိုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထိုအစည်းအဝေးသို့မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း အပါအဝင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် (၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)