Connect with us

Politics, Law & Military

နမ့်ခမ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ အားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့၊ အနောက်ဘက်မီတာ ၁၅းဝဝနာရီ ခန့်အကွာ၌ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ကွန်လုံကျေးရွာဘက်မှ နမ့်ခမ်းမြို့ဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ် TOYOBO အမျိုးအစား ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ မောင်းနှင်သူမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာနေ ကျော်သန်း(ဘ)ဦးစိန်ထွန်းဖြစ်ပြီး ဆိုင်ကယ်ရှေ့ခွကြားတွင် ထုပ်ပိုးသယ်ဆောင်လာသော ဆာလာအိတ် အဖြူရောင် အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၂ ဂရမ်ပါ ၄၄ ခွက်၊ 88/1စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅ဝ ပြားနှင့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၉ဝဝ ပြား (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃ဝဝကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများအား နမ့်ခမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.