Connect with us

Politics, Law & Military

မောင်တော ခရိုင် အတွင်း အကြမ်းဖက် တိုက်ခိုက်သူများကြောင့် အရပ်သား ပြည်သူ သေဆုံးသူ ၁၃ ဦးရှိ

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်သော ဖမ်းဆီး/သတ်ဖြတ်မှု စာရင်းအား တွေ့ ရစဉ်(ဓာတ်ပုံ-State Counsellor Office Information Committee)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်သူများက အပြစ်မဲ့အရပ်သား ပြည်သူများအား ဖမ်းဆီး၊ သတ်ဖြတ်မှုကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်မှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်ထိ သေဆုံးသူ ဦးရေမှာ ၁၃ ဦးရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်သော စာရင်းများ အရ သေဆုံးသူ ၁၃ ဦး ၊ ဒဏ်ရာ ရရှိသူ ၂ ဦး ရှိကာ ဖမ်းဆီး/ပျောက်ဆုံးသူ ၉ ဦး အနက် ၄ ဦး ပြန်တွေ့ပြီး ၅ ဦး ပျောက်ဆုံးဆဲ ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာများတွင် နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)