Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင်၁၁ မှစ၍ ၆ရက်ကြာကျင်းပမည်

(၁၅)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပစဉ်(အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ခြောက်ရက်ကြာ နေပြည်တော် အပြည်ပြည်ဆိုင်ကွန်ဗင်းရှင်း ဗဟိုဌာနတွင်ကျင်းပမည်ဖြစ်ကြောင်း (၁၅)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းထံမှ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်၏ လုပ်ငန်းကော်မတီ အစည်းအဝေး များကို ဇူလိုင်လ ၄ ရက်မှ ၆ ရက်အထိ နေပြည်တော် အပြည်ပြည်ဆိုင်ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်ညီလာခံကို ၂၀၁၇ ခုနှစ် မေလတွင် ကျင်းပခဲ့ပြီး တတိယအကြိမ် ညီလာခံကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပရန် သတ်မှတ်ထားပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ညီလာခံကျင်းပချိန် နှောင့်နှေးကြန့်ကြာနေသော်လည်း အစိုးရနှင့် EAOများ အကြားတွင် နိုင်ငံရေးဆိုင်ရာ အလွတ်သဘော အစည်းအဝေး ၃ ကြိမ်၊ လုံခြုံရေးဆိုင်ရာ အလွတ်သဘောအစည်းအဝေး ၄ ကြိမ်ကျင်းပပြီး အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်ခဲ့ကြပါကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် တက်ရောက်လာကြသူများက ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကျင်းပမည့် ရက်သတ်မှတ်ခြင်း၊ UPDJC သို့တင်သွင်းသည့် စာတမ်းများအတည်ပြုခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ လုပ်ငန်းကော်မတီများ၏ ဆောင် ရွက်ချက်များတင်ပြခြင်း၊ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီတွင် ဆွေးနွေးမည့်ခေါင်းစဉ် များအတည်ပြုခြင်း၊ လုပ်ငန်းကော်မတီ အကျိုးဆောင်များ လုပ်ငန်းလမ်းညွှန်(ToR) ကို အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။(၁၅)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.