Connect with us

Politics, Law & Military

မှုခင်းကျဆင်းရေး အမြန် ဖော်ဆောင်ရန် တိုက်တွန်းသော အဆို လွှတ်တော်တွင် ဆွေးနွေးမည်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံတော် တည်ဆောက်ရေး တို့အား အဟန့်အတား အနှောင့် အယှက် ဖြစ်လျက်ရှိသည့် မှုခင်းကျဆင်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်သို့ယနေ့တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်က လက်ခံ ဆွေးနွေးရန် ကန့်ကွက်သူမရှိ သဘောတူခဲ့သည်။

ထို အဆိုကို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က တင်သွင်းခဲ့ပြီး လောင်းလုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒီက ထောက်ခံခဲ့ကာ ပြည်သူ့လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။
အဆိုတင်သွင်းသူက “၂၀၁၅ ခုနှစ်အတွင်း လူသတ်မှု၊ လုယက်မှုတို့သည် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် လျော့ကျခြင်း မရှိကြောင်း သိရပါတယ်။ ၂၀၁၆ ခုနှစ် အတွင်းမှာပဲ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေ ခြောက်ကြိမ်ရှိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေက ၂၀၀၃ ကနေ ၂၀၁၅ အတွင်း လေးဆလောက် တိုးလာပါတယ်။ ၂၀၁၆ ခုနှစ် အစိုးရသစ် တက်လာပြီး အချိန်အထိ မင်းမဲ့ စရိုက်ဆန်တဲ့ လူသတ်မှုများ၊ သက်ငယ် မုဒိမ်းမှုများ အပါအဝင် အမှုကြီးများ ဖြစ်ပွားဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ အစိုးရရဲ့ မူဝါဒထဲမှာ ပါတဲ့ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက် ဟန့်တားမှု ဖြစ်စေတဲ့အတွက် မှုခင်းကျဆင်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်သို့ရှင်းလင်း တင်ပြခဲ့သည်။
ထိုအဆိုကို ပြည်သူ့လွှတ်တော်တွင် တစ်ပတ်အတွင်း ဆွေးနွေးမည် ဖြစ်ရာ ဆွေးနွေးလိုသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သြဂုတ်လ ၄ ရက် နေ့ ညနေ နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်ရုံးသို့ အမည်စာရင်း တင်သွင်းကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မှာကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.