Connect with us

Politics, Law & Military

ရက် ၁၀၀ ကာလအတွင်း မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ဆောင်ရွက်ရာ အမှုပေါင်း ၂၇၈၈ မှု ၊ တရားခံ ၄၃၄၉ ဦး ဖမ်းဆီး ရမိ

အစိုးရသစ်၏ ပထမရက် (၁၀၀) ကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့မှု လုပ်ငန်း စဉ်များကို ရှင်းလင်းနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး အထူးစီမံချက်များ ၊ လုပ်ငန်းစဉ် များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ အမှုပေါင်း ၂၇၈၈ မှု ၊ တရားခံ ၄၃၄၉ ဦး ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သြဂုတ် ၁၆ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံတစ်ဝန်း မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး အတွက် စီမံချက်များ ချမှတ် အကောင်အထည် ဖော်ရာတွင် ထူးခြားချက် အနေဖြင့် ဘိန်းချက် စခန်း ၂ ခု ၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၉.၈ သန်း ၊ ဘိန်းစိမ်း ၁၇၅ ကီလို ၊ ဘိန်းဖြူ ၆၀ ကီလို ၊ အက်ဖီဒရင်း ၅၀၀ ကီလို ၊ ကဖင်း ၁၄ တန် ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ထူးခြား ဖြစ်စဉ် ၆ ခုတွင် မူးယစ် ဆေးဝါး စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၆၂၀၆၇၃ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ဖမ်းဆီး အရေးယူနိုင်မှု ရာခိုင်နှုန်းများ တိုးတက်လာသည့် အပြင် ပြည်သူများကို ပိုမို ကျယ်ပြန့်စွာ အသိပညာ ပေးနိုင်ခဲ့သည့် အတွက် မူးယစ် ဆေးဝါး ရောင်းဝယ်မှုများ နှင့် ပတ်သက်သော သတင်းများကို ပိုမို ရရှိ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မူးယစ် ဆေးဝါး မူဝါဒ ပြန်လည် သုံးသပ်ရေး နှင့် မူဝါဒသစ် ရေးဆွဲရေး လုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ပြီး Drug Policy အသစ် ရေးဆွဲနိုင်ရေးအတွက် Road Map ကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မူခင်း ကျဆင်းရေး အရေးယူ ဆောင်ရွက်ခြင်း အနေဖြင့် ကြိုတင် ကာကွယ် အရေးယူမှု ၅၈၁၀၈ မှု ၊ အမှုကြီး ၇၉၁ မှု နှင့် အခြား အမှု ၁၆၈၅၄ မှုတို့ကို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ထိုအတူ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ၊ နိုင်ငံရေး ဆက်နွယ်ပြီး အမှု ရင်ဆိုင်နေကြရသူများ၏ အမှုများအား ရုတ်သိမ်း/ပိတ်သိမ်းခြင်း အဖြစ် အမှုပေါင်း ၂၇၄ မှုနှင့် အမှု ရင်ဆိုင်နေရသူ ၄၅၇ ဦးတို့အား ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း စနစ်သို့အသွင်သဏ္ဍာန်ပြောင်းလဲခြင်း နှင့် အနှစ်သာရ တိုးတက်အောင် မြှင့်တင် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.