Connect with us

Politics, Law & Military

ရက် ၁၀၀ စီမံချက် ကာလ အထိ အသင်းအဖွဲ့၁၁၉၁ ဖွဲ့အား ပြည်ထဲရေး ဝန်ကြီးဌာနမှ မှတ်ပုံတင် ခွင့်ပြုထား

ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အစိုးရသစ်၏ ပထမရက်(၁၀၀)

ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ ရက် ၁၀၀ စီမံချက် ကာလ အထိ အသင်းအဖွဲ ၁၁၉၁ ဖွဲ့အား မှတ်ပုံတင် ထုတ်ပေးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် လုပ်ငန်းစဉ် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အဆင့်ဆင့်သော မှတ်ပုံတင်ရေး အဖွဲ့များမှ ရက် ၁၀၀ စီမံချက် ကာလအထိ မှတ်ပုံတင် ခွင့်ပြုထားသည့် အသင်းအဖွဲ့အရေအတွက်မှာ အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) ၁၀၄၃ ဖွဲ့နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO)၁၄၈ ဖွဲ့ ၊ စုစုပေါင်း ၁၁၉၁ ဖွဲ့အား မှတ်ပုံတင် လက်မှတ် ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အများပြည်သူတို့အတွက် ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် ကျေးရွာ မြေဌားဂရန်များ ထုတ်ပေး ပြီးစီးမှု အခြေအနေမှာ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၅ ခုတွင် ၇၄.၄၄ ရာခိုင်နှုန်း လုပ်ငန်း ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့အတူ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)များတွင် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေမှာ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၅ ခုတွင် စုစုပေါင်း ၁၅၆,၄၈၁ ပြီးစီးခဲ့ကြောင်း သိရသည်။
အကျဉ်းဦးစီးဌာနမှ အများပြည်သူအတွက် ရက် ၁၀၀ စီမံချက် ဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ အကျဉ်းသား ၊ အချုပ်သားများ ဧည့်တွေ့ခြင်းကို ဖြေလျော့မှု ဆောင်ရွက်ခဲ့မှုမှာ ရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့အတူ မီးသတ်ဦးစီးဌာနမှ ရက် ၁၀၀ ကာလအတွင်း မီးဘေး လုံခြုံရေး ၊ သဘာ၀ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အတွက် လုပ်ငန်းစဉ် ၆ ရပ် ချမှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.