Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အစီရင်ခံစာပါအကြံ ပြုချက်များကို အကောင်ထည်ဖော်နိုင်မည်ဟု မျှော်လင့်


ရန်ကုန်။သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အစီရင်ခံစာပါအကြံ ပြုချက်များကို အစိုးရအနေဖြင့် အကောင်အထည်ဖော်နိုင်မည် ဟုကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် က မျှော်လင့်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

အဆိုပါ ကော်မရှင်မှ ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်နေသော ပဋိပက္ခအခြေအနေများနှင့် ပတ်သတ်ပြီး တစ်နှစ်ကျော်ကြာ လေ့လာစစ်ဆေးကာ အပြီးသတ်အစီရင်ခံစာ၌ ရခိုင်ပြည်၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှု၊နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်ရှိမှု၊ IDPကိစ္စများ ၊ လူအဖွဲ့အစည်းများအကြား ပေါင်းစည်းရေးနှင့် လုံခြုံရေး၊ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံဆက်ဆံရေးစသည့် အခြေများကို အစီရင်ခံစာတွင် အကြံပြုထားကြောင်း ယင်းအကြုံပြုချက်များကို အစိုးရအနေဖြင့် အကောင်အထည်ဖော်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကိုဖီအာနန်က ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်ရှင်အစီရင်ခံစာ နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်ရှင်အစီရင်ခံစာ နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင် ဥက္ကဋ္ဌကိုဖီအာနန်တို့တွေ့ဆုံစဉ် အစီရင်ခံစာပါအကြံပြုချက်များအား အကောင်အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနအများပါသော အစီအမံများ စီစဉ်ပြီး ကောင်အထည်ဖော်စောင့်ကြည့်လေ့လာစိစစ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းကပြောသည်။

ယင်းအကြံပြုချက်များအား အကောင်အထည်မဖော်လျှင် နယ်မြေအခြေအနေပိုမိုယိုယွင်းလာနိုင်သော်လည်း ကော်မရှင်အနေဖြင့် အရေးယူမှုအပိုင်းကိုဆောင်ရွက်နိုင်ခြင်း မရှိဘဲ အကြံပေးမှုကိုသာ လုပ်ဆောင်နိုင်ကြောင်း ကိုဖီအာနန်က ဆိုသည်။နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို ကာလတိုအတွင်း အရှိန်အဟုန်ဖြင့် အရေးယူဆောင်ရွက်သွားရန် လိုအပ်ပြီး လုပ်ကိုင်ဆောင်ရွက်မှုများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် ကော်မရှင်အနေဖြင့် အပြည့်အဝ အသိအမှတ်ပြု လက်ခံထားပါသည်။ သို့ရာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်သည် ဟု ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.