Connect with us

Politics, Law & Military

မောင်တော၌ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ ရဲစခန်းနှင့် ရဲကင်းများအား တစ်ပြိုင်တည်း တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင်များ ကျဆုံး

မောင်တောမြို့နယ်တွင်းရှိ ကျေးရွာများပြမြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

မောင်တောခရိုင်အတွင်း အစွန်းရောက် ဘင်္ဂလီအကြမ်းဖက် သမားများသည် သြဂုတ် ၂၅ ရက်နေ့ နံနက် ၁နာရီခန့်တွင် ရဲစခန်းနှင့် ရဲကင်းများအား တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများသည် တိုက်ခိုက်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၅ဦးကျဆုံးကာ၊ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၇လောင်းရရှိထားကြောင်း အဆိုပါ သတင်းကြေညာချက်အရ သိရသည်။

ယင်း အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် ည ၁ နာရီမှ စတင်၍ နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

ထိုပြင် နံနက် ၃ နာရီခန့်တွင် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၁၅၀ ခန့်သည် ခမရ(၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ရာ တပ်မတော်သားများက ပြန်လည်တိုက်ခိုက်မှု ဖြစ်ပွားလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.