Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်စဲရေး အရေးကြီး အဆို အမျိုးသား လွှတ်တော် မှတ်တမ်းတင်

ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၄ ရက် (ဆင်ဟွာ)

မြန်မာ့တပ်မတော် နှင့် AA လက်နက်ကိုင် အဖွဲ့တို့အကြား ရခိုင်ပြည်နယ် အတွင်း ယခုတလော တစ်ကျော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်း ရပ်စဲပြီး AA လက်နက်ကိုင် အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အရေးကြီး အဆိုကို ယနေ့မေလ ၄ ရက် အမျိုးသား လွှတ်တော်၌ မှတ်တမ်းတင် ထားရှိရန် ဆုံးဖြတ်ခဲ့သည်။

ထိုအရေးကြီး အဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးမှ ဝင်ရောက် ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
တိုက်ပွဲများ ရပ်ဆိုင်းရေး ဆိုသည်မှာ AA လက်နက်ကိုင် အဖွဲ့နှင့်သာ သက်ဆိုင်ပြီး ပြည်ထောင်စု တပ်မတော် အနေဖြင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး ၊ နိုင်ငံတော် လုံခြုံရေး အတွက် တုံ့ပြန် ဆောင်ရွက်ရခြင်းသာ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း က ရှင်းလင်း ပြောကြားခဲ့သည်။
အရေးကြီး အဆိုကို အဆိုရှင် အနေဖြင့် ပြန်လည် ရုပ်သိမ်းနိုင်ပါရန်နှင့် လွှတ်တော်မှလည်း ရှင်းလင်း တင်ပြချက်များအား ဆင်ခြင် သုံးသပ်၍ သင့်လျှော်သလို ဆောင်ရွက်ပေးနိုင်ပါရန် ကာကွယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း က တင်ပြခဲ့သည်။
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များတွင် တစ်ဖွဲ့တည်း အတွက် ဆွေးနွေးမှုမျိုး မဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးအတွက် ဆွေးနွေးရန် လိုကြောင်း ပါဝင်နေသကဲ့သို့နိုင်ငံတော် အနေဖြင့် အပစ်အခတ် ရပ်စဲရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မပါဝင်သေးသည့် အဖွဲ့များကို ပါဝင်စေပြီး အပစ်အခတ် ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် ဆောင်ရွက်နေကြောင်း ပေါ်ပေါက်နေသည့် အတွက် အဆိုကို မှတ်တမ်းတင် ထားရှိသင့်ကြောင်း တွေ့ရှိရသည်ဟု ရှင်းလင်း ပြောကြားခဲ့သည်။
ထိုကြောင့် အရေးကြီး အဆိုအား မှတ်တမ်းတင်ရန် သင့်/မသင့် လွှတ်တော်၏ ဆန္ဒ ရယူရာတွင် ထောက်ခံ ဆန္ဒမဲ ၁၉၅ ၊ ကန့်ကွက် ဆန္ဒမဲ ၆ ၊ ကြားနေ ဆန္ဒမဲ ၁ မဲဖြင့် မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.