Connect with us

Politics, Law & Military

မြန်မာ-ဂျပန် နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Fumio KISHIDA တို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Fumio KISHIDA တို့သည် မြန်မာ-ဂျပန် နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံ ဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ-ဂျပန်နှစ်နိုင်ငံ သမိုင်းကြောင်း အရ နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုမှစ၍ မိတ်ဆွေနိုင်ငံများ အဖြစ် ဆက်ဆံခဲ့မှု အခြေအနေများ၊ လက်ရှိ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့် လုပ်ဆောင်နေသည့်
အခြေအနေများ၊ ယခုပြည်သူ ရွေးချယ်သော ပါတီစုံ ဒီမိုကရေစီစနစ် လျှောက်လှမ်းရာတွင် အဓိက လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် ပတ်သက်၍ တပ်မတော်ပိုင်းနှင့် ပြည်သူလူထုပိုင်းဆိုင်ရာ ပကတိ အခြေအနေများ၊ တည်ငြိမ်အေးချမ်းမှု အတွက် မရှိမဖြစ် လိုအပ်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ရပ်တည်ချက် သဘောထားနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အေးချမ်းစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အတွက် ဂုဏ်ယူပါကြောင်း၊ အဆွေတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့်
တပ်မတော်၏ ကြိုးပမ်း လုပ်ဆောင်မှုကိုလည်း လေးစားပါကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် ဂျပန်နိုင်ငံ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်း၍ ပိုမိုလုပ်ဆောင်ခြင်း၊ ဂျပန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နီပွန် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ နှစ်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် မြှင့်တင်ခြင်း တို့ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြန်လည် ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ တည်ငြိမ် အေးချမ်းရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်
အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး Mr. Seiji KIHARA ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI ၊ စစ်သံမှူး Colonel Takeshi HARA နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117