Connect with us

Politics, Law & Military

ရခိုင် ပဋိပက္ခကဲ့သို့ဒေသတွင်း တည်ငြိမ်မှု လိုအပ်သည့် နေရာများတွင် နယ်စပ် ထိန်းချုပ်မှုများကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ကိုဖီအာနန် ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း တည်ငြိမ်မှု လိုအပ်သည့် နေရာများတွင် နယ်စပ် ထိန်းချုပ်မှု ကဲ့သို့ ကိစ္စများကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ယနေ့ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြောကြားခဲ့သည်။

ကိုဖီအာနန်က ရခိုင်ဒေသသို့ရောက်ရှိချိန်တွင် အသိုက်အဝန်း နှစ်ခုကြား တင်းမာမှုများကို ခံစားမိကြောင်း ၊ အခြေအနေ တည်ငြိမ်မှ ဒေသ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ ဒေသတွင်း မတည်ငြိမ်မှုမှ အာဆီယံ ဒေသတွင်း မတည်ငြိမ်မှုထိ ဖြစ်မလာနိုင်ရန် မျှော်လင့်ကြောင်း သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်း ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းချက်များကို ကော်မရှင်ကပြန်လည်ဖြေကြားစဉ် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ အခြေအနေမှန်များကို သိရှိနိုင်ရန် အန္တရာယ် ကင်းသည့် နေရာများသို့သတင်းသမားများကို ဝင်ရောက် သတင်းရယူခွင့် ပြုသင့်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံစဉ် တိုက်တွန်းခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ကိုဖီအာနန်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း အားလုံး ၊ အသက်အရွယ် အားလုံးတို့၏ လိုအပ်ချက်များ ၊ စိုးရိမ်ပူပန်မှုများကို သိရှိနားထောင်ရန် နှင့် အားလုံး၏ အသံကို ကိုယ်စားပြုနိုင်ရန် ရှိနေကြောင်း ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကိုဖီအာနန်က လူငယ် မျိုးဆက်သစ်များနှင့် တွေ့ဆုံရာတွင် လူငယ်များ၏ ပူးပေါင်း ဆောင်ရွက်လိုသည့် စိတ်ဓာတ်ကြောင့် စိတ်အားတက်မိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ကိုဖီအာနန်က တွေ့ဆုံဆွေးနွေး ပြောဆိုခဲ့သည့် အားလုံးတွင် လုံခြုံရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်သည့် နေရာတိုင်းတွင် အရပ်သားများကို အမြဲတစေ အကာအကွယ် ပေးရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့ကြောင်း ၊ လုံခြုံရေး လုပ်ငန်းများ လုပ်ဆောင်ရခြင်းကြောင့် ပြည်သူလူထုထံ လူသားချင်း စာနာ ထောက်ထားရေး အကူအညီများကို အဟန့့်အတား မဖြစ်စေရန် အလေးအနက် ပြောကြားခဲ့ကြောင်း ၊ လူသားချင်း စာနာရေး လုပ်ငန်း အကူအညီများကို ခွင့်ပြုပေးထားကြောင်း အာမခံ ပြောပြထားကြောင်း ၊ အကူအညီ လိုအပ်နေသည့် အသိုက်အဝန်းများ အားလုံး လိုအပ်သည့် အကူအညီကို ရရှိကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ကြည့်ပါက ကော်မရှင်၏ လုပ်ငန်း တာဝန်များ အရေးကြီးပုံ နှင့် အဆောတလျင် ချက်ချင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း အထင်အရှား တွေ့နိုင်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအား ၂ လအတွင်း တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်သည် နိုဝင်ဘာလ ၂၉ ရက်မှ စတင်၍ ၈ရက်ကြာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အခြား မြို့နယ်များသို့ သွားရောက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)