Connect with us

Politics, Law & Military

တာဝန်သိခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကျင်းပ

တာဝန်သိခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးကြစဉ် (ဓာတ်ပုံ-- ဟိုတယ်ခရီး)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းအဝန်းအဝိုင်းမှညီနောင်အသင်းအဖွဲ့များ၊ သက်ဆိုင် သူများအားလုံးပါဝင်သော တာဝန်သိခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ(၇)ရက်နေ့အထိ ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်နှင့် တော်ဝင်ဂါးဒင်း ဟိုတယ်တို့တွင် ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

အဆိုပါဖိုရမ်၏ တတိယနေ့အစီအစဉ်များကို ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဆက်လက်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအပါအဝင် အခြားဆက်စပ် ကဏ္ဍအားလုံး စနစ်တကျနှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားသာချက်၊ အားနည်းချက်၊ ရင်ဆိုင်ကြုံတွေ့နေရ သည့် အခက်အခဲများကို တင်ပြဆွေးနွေးအဖြေရှာရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ နှစ်ရက်တာကျင်းပ ပြုလုပ်ခဲ့သည့် တာဝန်သိခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်မှရရှိသည့် ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းအဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စများရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရ မည့်ကိစ္စရပ်များ၊ နိုင်ငံတော်အဆင့်သို့ တင်ပြဆောင်ရွက်ဖြေရှင်းပေးရမည့် ကိစ္စရပ်များပါဝင်ပါကြောင်း၊ တာဝန်သိ သော ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဖြစ်ရန်အတွက် အစိုးရနှင့်ပုဂ္ဂလိကဟန်ချက်ညီညီ နားလည်မှု ရှိရှိ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် စိတ်ရှင်းရှင်းနှင့် ပွင့်ပွင့် လင်းလင်း အဖြေရှာကြပြီး ရလဒ် များကိုအခြေခံကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှေ့လုပ်ငန်း စဉ်များချမှတ်နိုင်ဖို့ ဝိုင်းဝန်ကြိုးပန်းဆောင်ရွက်ကြစေလိုပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ ဝန်ကြီးဌာနများမှကိုယ်စားလှယ်များက ဖိုရမ်ပထမရက်နှင့်ဒုတိယရက်များတွင် အသင်းအဖွဲ့များ၏ အကြံပြုဆွေးနွေးချက်များအပေါ်အခြေခံ၍ လုပ်ငန်းအောင်မြင်ရေးအတွက်လိုအပ်သည့် ဖြေလျှော့ပေးနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြခြင်း ကို တော်ဝင်မိသားစု ကမ္ပဏီဥက္ကဋ္ဌ ကလည်းကောင်း၊ Swiss Contacr မှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကလည်းကောင်း၊ Myanmar Center for Responsible Business မှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း အသီးသီး အကြံပြုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.