Connect with us

Politics, Law & Military

၅၀၀၀ ကျပ်တန်၊ ၁၀,၀၀၀ ကျပ်တန် ရုပ်သိမ်းမည်ဆိုသည့် ကောလာဟလများနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများ ထွက်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်

မြန်မာကျပ်ငွေအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လက်ရှိြဖစ်ပေါ်လျက်ရှိသည့် အခြေအနေပေါ်မူတည်၍ ၅၀၀၀ ကျပ်တန်၊ ၁၀,၀၀၀ ကျပ်တန် ရုပ်သိမ်းမည်ဆိုသည့် ကောလာဟလများနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့်သတင်း မှားများထွက်ပေါ်လျက်ရှိကြောင်း ၊ ပြည်သူများအနေဖြင့် စိုးရိမ်မှုမရှိဘဲ သုံးစွဲနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဖေဖော်ဝါရီ ၃ ရက်တွင် အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ မြဝတီနဲ့ မြန်မာ့အသံမှာလည်း ဒီသတင်းနဲ့ပတ်သက်ပြီးကြေညာသွားမှာပါ၊၊ ပြည်သူတွေစိုးရိမ်မှုမရှိကြပါနဲ့” ဟု အဆိုပါ တာဝန်ရှိသူကပြောကြားသည်၊၊
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး ဘဏ်များအနေဖြင့် သတ်မှတ်ချက်များနှင့် အညီခိုင်မာစွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်၊၊

ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ဗဟိုဘဏ်က ကောလာဟလ ပါပြောတော့ ပြီးပြီပေါ့။ စိတ်ချလက်ချသုံးပေါ့”ဟု ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၃ ရက် တွင်ပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုများမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့်ဆက်လက်သုံးနိုင်ကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ်များသို့လည်းညွှန်ကြားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.