Connect with us

Politics, Law & Military

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှုအား ဖြေရှင်းရန် ကျန်ရှိနေသော တိုင်ကြားစာ ၄၀၀၀နီးပါးကို ပိုမိုအလေးထား ဖြေရှင်းရန် ဒုတိယ သမ္မတဆို

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှုအား ဖြေရှင်းရန် ကျန်ရှိနေသော တိုင်ကြားစာ ၄၀၀၀နီးပါးကို ပိုမိုအလေးထား ဖြေရှင်းဆောင်ရွက်ရန် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည် စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြာသည်။

လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည် စိစစ်ရေးဗဟိုကော်မတီသို့ ရောက်ရှိလာသောတိုင်ကြားစာ အမှုတွဲပေါင်း ၇၁၁၉ မှု ရှိပြီး သက်ဆိုင်ရာ ကော်မတီများသို့ စိစစ်ဆောင်ရွက်ရန်လွှဲပြောင်းပေးပို့ထားရာ ဗဟိုကော်မတီ စိစစ်မှုအရ တိုင်ကြားစာအမှုတွဲ ၃၁၆၈မှုကိုသာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိသည့် တိုင်ကြားစာ ၃၉၅၁မှုကို ပိုမိုအလေးထား ဖြေရှင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်အနေဖြင့် မြေကိစ္စတိုင်ကြားစာများအပေါ် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အချို့တွင် ဗဟိုကော်မတီ၏မူဝါဒနှင့် လုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက်မှုမရှိခြင်း၊ အထောက်အထားမှတ်တမ်းမှတ်ရာများ ပြည့်စုံစွာတင်ပြမှု မရှိခြင်းတို့ကြောင့် ဗဟိုကော်မတီကပြန်လည်စိစစ်ရန်ပေးပို့ရသည့် အမှုတွဲများကိုလည်း တွေ့ရှိရကြောင်း ဒုတိယ သမ္မတက ဆိုသည်။

ယခုအခါ ဝန်ကြီးဌာနများအသုံးပြုရန် မလိုအပ်သောမြေများကို ပြန်လည်စွန့်လွှတ်ပေးအပ်လျက်ရှိရာ စွန့်လွှတ်သည့်ရည်ရွယ်ချက်မှာ မူလပိုင်ရှင်ထံ ပေးအပ်ရန်၊ ပိုလျှံပါကနိုင်ငံတော်မြေအဖြစ် အရန်ထားရှိရန်နှင့် အခြားလိုအပ်သော ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးရန်ဖြစ်တို့ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများသို့လွှဲပြောင်း ပေးရန်မြေများနှင့် ပတ်သက်၍ လွှဲပြောင်းရယူမည့်ဝန်ကြီးဌာန များအနေဖြင့် မြေလွှဲကိစ္စရပ်များပြီးစီးအောင် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၎င်းက ပြောသည်။

ပိုလျှံအပ်နှံ၍နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ထားသည့်မြေများကို အများပြည်သူ အကျိုးရှိအောင် အသုံးပြုရန်နှင့် အသုံးမပြုပါကသေချာစွာစာရင်းရေးသွင်း ထိန်းသိမ်းထား ရှိရန်ဖြစ်ကြောင်း၊ မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းသည့်မြေများတွင် အချို့မှာ သက်ဆိုင်ရာဝန်ကြီးဌာနမှ စွန့်လွှတ်ထားပြီးဖြစ်သော်လည်းကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရေးတွင်အချိန်ကြန့်ကြာနေမှုများ၊ ကာယကံရှင်လက်ဝယ်သို့ ရောက်ရှိခြင်းမရှိဘဲ အခြားသူထံသို့ ပေးအပ်ထားခြင်းများ၊ မူလလက်ငုတ်နှင့် လက်ရှိလက်ငုတ်အငြင်းပွား နေမှုများဖြစ်ပွားနေသည်ကိုလည်းစိစစ်တွေ့ရှိနေရမှုများကြောင့် အမှုတွဲများပြီးပြတ်မှုမရှိဘဲ နှောင့်နှေးနေသည်ကိုတွေ့ရှိရကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.