Connect with us

Politics, Law & Military

ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရက် ၁၀၀ စီမံချက်အရ လောင်းကစားမှုများအား ဖမ်းဆီးလျက်ရှိ

လောင်းကစားမှုဖြင့် ဖမ်းဆီးရမိသူအား တွေ့ရစဉ် (ဓာတ်ပုံ- Yangon Police)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ရက် ၁၀၀ စီမံချက် ချမှတ် ဆောင်ရွက်ချက် အရ လောင်းကစားမှု များအား ဖမ်းဆီး အရေးယူလျက် ရှိကြောင်း သတင်း ထုတ်ပြန်သည်။

ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ သတင်း ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက “ ရက် ၁၀၀ စီမံချက် ဆောင်ရွက်ချက် အရ လောင်းကစားမှုတွေကို ဖမ်းဆီးနေတာပါ။ ဆက်လက်ပြီးတော့လည်း ဖမ်းဆီး အရေးယူသွားဖို့ ရှိပါတယ်’’ ဟုဆင်ဟွာကို ပြောသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ မေလ ၅ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူ တပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ (၁) မှ တပ်ဖွဲ့ဝင်များသည် လောင်းကစား သတင်းအရ လှိုင်သာယာ မြို့နယ်၊ (၁၄) ရပ်ကွက်၊
မေခလမ်းရှိ ဒေါ်–၏နေအိမ်သို့ လောင်းကစားနေအိမ် ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းဖြင့် ဝင်ရောက် ရှာဖွေရာ နေအိမ်ရှေ့ခန်း ကြမ်းပြင်ပေါ်တွင် သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော လောင်းကစား ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေကျပ် (၁၀၃,၀၀၀) တို့နှင့် အတူ ဒေါ်–အား လှိုင်သာယာ မြို့မ ရဲစခန်းတွင် လောင်းကစား ဥပဒေ ပုဒ်မ-၁၅(က) /၁၆(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး လုံခြုံရေး တပ်ခွဲ (၁) မှ တပ်ဖွဲ့ဝင်များသည် လောင်းကစား သတင်းအရ မင်္ဂလာဒုံ မြို့နယ်၊ ၂/က ရပ်ကွက်၊ ကာယ သုခလမ်းရှိ အောင်သူ၏ နေအိမ်သို့ လောင်းကစားနေအိမ် ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းဖြင့် ဝင်ရောက် ရှာဖွေရာ ဦး—နှင့် ဦး—တို့ (၂) ဦးအား နေအိမ် ရှေ့ခန်းရှိ လေးထောင့် သစ်သား စားပွဲပေါ်တွင် သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော လောင်းကစား ဆက်စပ် ပစ္စည်းများ၊ လောင်းကြေး ငွေကျပ် (၁၀၂,၀၀၀) တို့နှင့် အတူ ဖမ်းဆီးရမိ ခဲ့သဖြင့် မင်္ဂလာဒုံ မြို့မ ရဲစခန်းတွင် လောင်းကစား ဥပဒေ ပုဒ်မ-၁၅ (က) / ၁၆(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုနေ့တွင်ပင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူ တပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ (၁) မှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၂၅) ရပ်ကွက်၊ မြိတ်လမ်းမကြီးရှိ လက်ဘက်ရည်ဆိုင် အနီး အုတ်ခုံပေါ်တွင် ထိုင်၍ နှစ်လုံးထီ ရောင်းချနေကြောင်း သတင်းရရှိသူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ အောင်လင်းအား စစ်ဆေး ရှာဖွေရာ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်း ကိရိယာများ၊ လောင်းကြေးငွေကျပ် (၆၀,၂၀၀) တို့နှင့် အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းတွင် လောင်းကစား ဥပဒေ ပုဒ်မ ၁၅ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.