Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သွားလာနေသည့် ခရီးသည်တင်ယာဉ် ဘတ်စ်ကားများတွင် အခြားပစ္စည်းများ သယ်ယူခွင့် မပြု ကြောင်း ကြေညာချက် ထုတ်ပြန်

အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့ ထုတ်ပြန်ချက် (ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အသုံးပြု သွားလာနေသည့် ခရီးသည်တင်ယာဉ် ဘတ်စ်ကားများ တွင် ခရီးသွားပြည်သူများ သယ်ဆောင်သည့် လက်ဆွဲပစ္စည်းများ မှ အပ ကျန်မသက်ဆိုင်သည့် ကုန်ပစ္စည်းများအား ခရီးသည်တင် ဘတ်စ်ကားများ၌ သယ်ဆောင်သွားလာခြင်း မပြုရန်၊ ကျန်ကုန်ပစ္စည်းများအား တရားဝင် သယ်ဆောင်ခွင့် ပြုထားသည့် ဝန်ရိုး ၃ ခုပါ (၁၀) ဘီးအထိ ကုန်တင်ယာဉ်များဖြင့် သယ်ဆောင် သွားလာကြရန် အမြန်လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေး နှင့် ကြီးကြပ်ရေး အဖွဲ့ မှ ယနေ့ သတင်း ထုတ်ပြန်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အသုံးပြု သွားလာနေသည့် ခရီးသည်တင်ယာဉ် ဘတ်စ်ကားများသည် ခရီးသွား ပြည်သူများ၏ ပစ္စည်းများအပြင် သား၊ ငါး၊ ဂဏန်းများ တင်ဆောင်၍ သွားလာနေသည့် အတွက် ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းရေးကို ထိခိုက်လာနိုင်ကြောင်း စိစစ် တွေ့ရှိရသည်ဟု ကြေညာချက် ထဲတွင်ပါရှိသည်။

ကုန်တင်ယာဉ်များ၌ မူဝါဒ အရ တရားဝင် သယ်ဆောင်ခွင့် ပြုထားသည့် ကုန်ပစ္စည်းများအား ခရီးသည်တင် ယာဉ်များဖြင့် သယ်ဆောင်သွားခြင်း မပြုရန်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မှ စတင်၍ သယ်ယူကြောင်း စိစစ်တွေ့ရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.