Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီရုံးခွဲ အား ဖွင့်လှစ်

တရုတ်နိုင်ငံ အစိုးရ အထူး သံအမတ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီရုံးခွဲ ဖွင့်ပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီ ရုံးခွဲအား ယနေ့ဒီဇင်ဘာလ ၄ ရက်တွင် နေပြည်တော်၌ ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ရုံးခွဲအား မြန်မာ နိုင်ငံသို့ ရောက်ရှိနေသော တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အစိုးရ အထူး သံအမတ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် (Mr.Liu Zhenmin ) မှ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲ၌ တရုတ်နိုင်ငံ အစိုးရ အထူး သံအမတ် ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် က မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယာယီ ရုံးခွဲအား နေပြည်တော်၌ ပထမဆုံး နိုင်ငံခြား သံရုံး ရုံးခွဲအဖြစ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ ယခုကဲ့သို့သံရုံး ဖွင့်လှစ်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ၊ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး တိုးမြှင့် ခိုင်မာစေရန် နှင့် နှစ်နိုင်ငံ ချစ်ကြည် ဆက်ဆံရေး ပိုမို ကောင်းမွန်စေရန်လည်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရ အထူး သံအမတ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီရုံးခွဲ ဖွင့်ပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ကလည်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီရုံးခွဲ ဖွင့်လှစ်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန် တိုးတက်စေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီရုံးခွဲအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ Grand ACE Villa ၌ ဖွင့်လှစ်ထားရှိသည်။ (Xinhua)