Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျပ်သိန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်၊ နမ့်မောင်းကျေးရွာအနီး၌ သြဂုတ် ၂၃ ရက် နံနက် ၇ နာရီခန့်တွင် ကျပ်သိန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှုများကို စစ်ဆေးဆောင်ရွက်စဉ် နမ့်စန်မြို့ဘက်မှ ခိုလမ်မြို့ဘက်သို့ မောင်းနှင်လာသော မတ်တူးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 3L/— အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း သယ်ဆောင်လာသည့် အိုက်စအဖြူရောင်အခဲ ၆၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၅,၀၀၀)နှင့်အတူ ယာဉ်မောင်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ခိုလမ်နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.