Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် တွင် ငွေကျပ် ၁၁,၈၀ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၀,ဝဝဝ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁,၈၀ဝ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၇ ရက် ၀၆း၃ဝ နာရီ တွင် မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မဘိမ်းမြို့နယ်၊ မိုးလုံးကျေးရွာအုပ်စု၊ မဘိမ်း-ငါးအိုး ကားလမ်းဘေး၊ မိုးလုံးကျေးရွာအဝိုင်းသို့ သွားရောက်စဉ် အမျိုးသား ၂ ဦး သည် မော်တော်ဆိုင်ကယ် ၁ စီးအား ရပ်တန့်ခဲ့ပြီး တောအတွင်းသို့ ထွက်ပြေးသွားသဖြင့် သွားရောက်စစ်ဆေးရာ မော်တော်ဆိုင်ကယ်အနီးရှိ အင်ပင်အောက်၌ သစ်ခက်များဖြင့်ဖုံးထားသော ပီနံအိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထား သည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၀,ဝဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၈၀ဝ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.