Connect with us

Politics, Law & Military

ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပစဉ်(ဓာတ်ပုံ- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် UNESCO (မြန်မာ)တို့ ပူးပေါင်း၍ ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ် တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ယနေ့ ကျင်းပခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရှေးဟောင်းဝတ္ထုပစ္စည်းများ အဓွန့်ရှည်တည်တံ့စေရေးအတွက် ကာကွယ် ထိန်းသိမ်းခြင်းဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ရန်လည်းကောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်း များ ယိုယွင်းပျက်စီးပျောက်ဆုံးခြင်း မရှိစေရေးအတွက် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်နှင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ခိုင်မာစေရန်အတွက်လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်း ဝတ္ထုပစ္စည်းများ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းဝတ္ထု ပစ္စည်းများ တရားမဝင်နည်းလမ်းများဖြင့် ပြည်ပရောက်ရှိမသွားစေရေး ကာကွယ်ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ တရားဝင်နည်းလမ်းများဖြင့် ပြပွဲခင်းကျင်းပြသ ခြင်း၊ ယာယီလွှဲပြောင်းငှားရမ်းခြင်းများအပါအဝင် နိုင်ငံတကာလက်ခံသော နည်းလမ်းများ၊ အတွေ့အကြုံများဖြင့် ဂုဏ်ယူစွာဆောင်ရွက်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် မြန်မာ့သမိုင်းအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ UNESCO ဌာနချုပ်မှ ဥပဒေရေးရာပညာရှင်များ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ အသင်း အဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းစုဆောင်းသူများ၊ မြန်မာ့ယဉ်ကျေးမှု ဆိုင်ရာ အမှတ်တရပစ္စည်းရောင်းဝယ်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ က အဖွင့်အမှာစကား ပြောကြားရာတွင် ဆွေးနွေးပွဲမှထွက်ပေါ်လာမည့် အကြံပြုချက်ရလဒ်များအပေါ်မူတည်ပြီး ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းမှတွေ့ရှိရသော ယဉ်ကျေးမှုတန်ဖိုးမြင့်မားသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ပြည်ပသို့ တရားမဝင်ရောင်းချခြင်း၊ သွင်းယူခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးဝှက်ခြင်းများကို ဝိုင်းဝန်းတားဆီးကာကွယ်နိုင်ရန် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGOများ၊ ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ပေးကြဖို့ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ UNESCO ရန်ကုန်မှ Ms. Min Jeong Kim က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ UNESCO မှ ဥပဒေပညာရှင် Etienne Clement က Summary of recommendations given to Myanmar’s Ministry of Culture in 2017 ခေါင်းစဉ်၊ What UNESCO has been planning at regional level and how Myanmar can collaborate ခေါင်းစဉ်၊ Good examples in the world Successful cases of cross – sect oral collaboration ခေါင်းစဉ် နှင့် Art dealer’s Code of Ethics and reflection in the Conservation ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ UNESCO မှ Moderator ဒေါ်ဥမ္မာမျိုး က How can we adapt global good practices to benefit Myanmar? ခေါင်းစဉ်နှင့် How can effectively communicate the Code of Ethics to Myanmar art dealers ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြတ်ဆွေက ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးနှင့်ပတ်သက်သည့် ဦးစီးဌာန၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးနှင့် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်) ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်တို့က ရှေးဟောင်းဝတ္ထု ပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးနှင့်ပတ်သက်သည့် နိုင်ငံတကာ အတွေ့အကြုံများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.