Connect with us

Politics, Law & Military

လားရှိုးမြို့ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးဒဏ်ရာရသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်


ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

လားရှိုးမြို့၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးဒဏ်ရာရသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၅)သိန်း၊ စိုးရိမ်ရ ဒဏ်ရာရ (၁)ဦးအတွက် ငွေကျပ်(၃)သိန်း၊ မစိုးရိမ်ရ ဒဏ်ရာရ(မစိုးရိမ်ရ)(၅)ဦးအတွက် တစ်ဦးလျှင်ငွေကျပ်(၂)သိန်းနှုန်း၊ သာမန်ဒဏ်ရာရ(၁၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်း ဖြင့် စုစုပေါင်း ငွေကျပ် ၃၀.၅ သိန်း အား လားရှိုးပြည်သူ့ဆေးရုံ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

လားရှိုးမြို့ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးဒဏ်ရာရသူများအား ထောက်ပံ့ငွေများ ပေးအပ်စဉ်(ဓာတ်ပုံ-MOI)

ထို့အတူ လားရှိုးခရိုင် ကယ်ဆယ်ရေးဦးစီးဌာနမှ သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃)သိန်း၊ ဒဏ်ရာရရှိခဲ့သည့် (၂၁)ဦးအတွက် တစ်ဦးလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၆.၅)သိန်းနှင့် ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂)သိန်း၊ ပြင်းထန်ဒဏ်ရာ ရရှိသူ (၆)ဦးအတွက် ငွေကျပ်(၅)သောင်း၊ သာမန်ဒဏ်ရာရရှိသူ(၁၅)ဦးအတွက် တစ်ဦးလျှင် ကျပ်(၃)သောင်းနှုန်း၊ စုစုပေါင်း ငွေကျပ်(၁၁.၅)သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ လမ်းမတော်လမ်းရှိ ရိုးမဘဏ်ခွဲ(၁)နှင့် ဧရာဝတီဘဏ်ကြားတွင် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများထောက်ပံ့ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပေးအပ်ခဲ့ကြောင်း သိရသည်။(Xinhua)