Connect with us

Politics, Law & Military

ပင်လည်ဘူးမြို့တွင် ငွေကျပ်သိန်းပေါင်း ၁၃၀၀ ကျော်တန်ဖိုးရှိဘိန်းစိမ်းများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား ဘိန်းစိမ်းများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့တွင် ငွေကျပ် ၁၃၉၆ဒသမ၁၆၀၁ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ၁ရး၀၀နာရီ အချိန် ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့၊ ပင်လည်ဘူး-ကောလင်းသွားကားလမ်းတွင် မြင့်အောင် မောင်းနှင် လာသည့်မော်တော်ဆိုင်ကယ် ရောက်ရှိလာ၍ရှာဖွေရာ ပီနံအိတ်အတွင်းမှ ဘိန်းစိမ်း ၄၆ ဒသမ ၅၃၈၆၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မြင့်အောင်(၂၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.