Connect with us

Politics, Law & Military

ခွဲထွက်ခွင့် မပါသည့် ၂၁ ရာစု ပင်လုံကို သြဂုတ်လ နောက်ဆုံးအပတ်တွင် ကျင်းပရန် သဘောတူ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးအား နေပြည်တော်၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တိုင်းရင်းသားများ တန်းတူ ညီမျှရေးမူကို အခြေခံသော်လည်း ခွဲထွက်ခွင့် မပါသည့် ၂၁ ရာစု ပင်လုံညီလာခံ၊ သို့မဟုတ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လာမည့် သြဂုတ်လ စတုတ္ထအပတ် နောက်ဆုံးထားပြီး ကျင်းပသွားရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့ ယနေ့နေ့လယ်တွင် သဘောတူညီခဲ့ကြသည်။

နေပြည်တော် Horizon Lake View Hotel တွင် ယနေ့နံနက် ၁၀ း ၀၀ နာရီမှ နေ့လယ် ၃ း ၀၀ နာရီခန့်အထိ ပြုလုပ်ခဲ့သော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့တို့ တွေ့ဆုံ ညှိနှိုင်းပွဲ အပြီးတွင် ထိုကဲ့သို့ သဘောတူခဲ့ကြောင်း ၂၁ ရာစု ပင်လုံ ညီလာခံ ပြင်ဆင်ရေး ကော်မတီ၏ အစိုးရအဖွဲ့ကိုယ်စားလှယ် ၊ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာသို့ ဖြေကြားခဲ့သည်။

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးအား နေပြည်တော်၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

“ဒီနေ့အစည်းအဝေးက အကြမ်းဖျင်း ဆုံးဖြတ်လိုက်တာကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံကို သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျစေဘဲ ကျင်းပဖို့ဆုံးဖြတ် လိုက်တာပါပဲ” ဟု ၎င်းက ပြောသည်။

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးအား နေပြည်တော်၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

ထို့အပြင် အဆိုပါ ၂၁ ရာစု ပင်လုံညီလာခံ အပေါ် ထားရှိကြသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မူဝါဒနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားကိုလည်း ၎င်းက ရှင်းပြသည်။

“ပင်လုံနဲ့ပတ်သက်လို့ဝိဝါဒ ကွဲနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တဲ့ ပင်လုံမှာ လွတ်လပ်ရေး ရဖို့လုပ်ခဲ့တယ်။ ပင်လုံမှာ စာချုပ် ရှိတယ်၊ ကတိကဝတ် ရှိတယ်၊ နောက်ပြီး စိတ်ဓာတ် ရှိတယ်။ အဲဒီအပေါ်မှာမှ ဒေါ်အောင်ဆန်းစုကြည် လုပ်ချင်တဲ့ ၂၁ ရာစု ပင်လုံက ဘယ်လို ပင်လုံမျိုးလဲ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ အစည်းအဝေးမှာ အသေးစိတ် ရှင်းပြတယ်။ အခု ပင်လုံက ငြိမ်းချမ်းရေးနဲ့အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုပ်တဲ့ ပင်လုံ၊ ဒီအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒကို တိုင်းရင်းသား အဖွဲ့တွေက ထောက်ခံပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ပင်လုံ ဆိုသည်မှာ နိုင်ငံကို အားလုံးက စုစုစည်းစည်းဖြင့် တည်ဆောက်ဖို့ဖြစ်ကြောင်း၊ ယခု ပင်လုံသည် ခွဲထွက်ခွင့် မပါသည့် ပင်လုံ စိတ်ဓာတ်၊ ပင်လုံ သဘောတူညီချက်ဖြစ်ပြီး ထိုအချက်အပေါ် အခြေခံသည့် ပင်လုံ ညီလာခံသာ ဖြစ်ကြောင်း၊ ဖက်ဒရယ် အမျိုးမျိုး ရှိရာတွင် အခု သွားမည့် ဖက်ဒရယ်က တိုင်းပြည်ကို ခွဲမထွက်လိုသည့် စိတ်ဆန္ဒ ဖြစ်အောင် ပိုပြီး ခိုင်မာအောင် လုပ်ဖို့သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွေ့ဆုံပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ရှင်းပြခဲ့သည်ဟု ဦးဇော်ဌေးက ပြန်ပြောပြသည်။
“တိုင်းရင်းသားတွေ အားလုံးက ခွဲထွက်ဖို့ကိစ္စကို ဘယ်သူမှ မပြောပါဘူး” ဟုလည်း ၎င်းက ဖြည့်စွက် ပြောခဲ့သည်။

နှစ်လအတွင်း ကျင်းပတော့မည့် ၂၁ ရာစု ပင်လုံတွင် လက်မှတ်ထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်လာစေရန် ဖြစ်မြောက်ရေး ကော်မတီနှင့် ဆပ်ကော်မတီ နှစ်ခုတို့က ဆောင်ရွက်လျက်ရှိရာ အားရဖွယ် အလားအလာကောင်းများ ရှိနေပြီဟုလည်း ဦးဇော်ဌေးက ပြောသည်။

“မြောက်ပိုင်းက မိုင်းလားအဖွဲ့နဲ့ ထိတွေ့ဆက်ဆံပြီးပြီ။ နောက်ပြီး ချင်းမိုင် UNFC အဖွဲ့နဲ့လည်း ထိတွေ့ဆက်ဆံ ပြီးပြီ။ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ အဲဒီအဖွဲ့တွေ နေပြည်တော်ကို လာပြီး ဆွေးနွေးတာတွေ ရှိမယ်။ မြောက်ပိုင်း မိုင်းလား ခရီးစဉ်မှာ AA ရယ် MNDA ရယ် TLNA ရယ် — ဒီ သုံးဖွဲ့နဲ့ ပတ်သက်လို့လည်း ဆွေးနွေးမှုတွေ ရှိခဲ့တယ်။ ဒေါက်တာ တင်မျိုးဝင်းရဲ့ တင်ပြချက်အရ အကြမ်းဖျင်းကတော့ ကျေနပ် အားရစရာ ကောင်းပါတယ်။ အသေးစိတ်ကတော့ သူတို့ အဖွဲ့တွေ ရန်ကုန်ကို လာပါလိမ့်မယ်။ သူတို့နဲ့နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တွေ့ဖို့လည်း လုပ်နေပါတယ်။ အဲဒီအပေါ်မှာ တွေ့ဆုံမှု ရလဒ်ပေါ် မူတည်ပြီး ၂၁ ရာစု ပင်လုံကို သူတို့ ဘယ်လို ပါဝင်နိုင်မလဲဆိုတာ ဆက်ပြီး ဆောင်ရွက်သွားပါမယ်” ဟု သူက ပြောသည်။

ယနေ့အစည်းအဝေးသို့တက်ရောက်ခဲ့သော“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” (၂၁)ရာစုပင်လုံအကြိုပြင်ဆင် ရေးကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေကလည်း “နာဂအဖွဲ့ကို ကျွန်တော်တို့ဖိတ်ထားပါတယ်။ မကြာမီ ရက်ပိုင်း အတွင်းမှာ ရန်ကုန်မှာ ဆွေးနွေးမယ်လို့ဖိတ်ထားပါတယ်။ ဒါဆိုရင် နောက် သုံးဖွဲ့ပဲ ကျန်ပါတော့မယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ဒီညီလာခံကို အဖွဲ့အားလုံး ပါဝင်နိုင်ဖို့နဲ့ လက်တွေ့ဆန်ဆန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်တဲ့ ဒီနေ့ဆွေးနွေးပွဲကို ကျေနပ်ကြောင်း ပြောပါတယ်” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

ယနေ့ဆွေးနွေးပွဲ အစီအစဉ်တွင် ကိုယ်စားလှယ်တစ်ဦးလျှင် ငါးမိနစ်စီ ဆွေးနွေးတင်ပြရန် မူလက လျာထားခဲ့သော်လည်း လက်တွေ့၌ အချိန် နှစ်ဆ ကျော်ခန့်ကြာမြင့်သည် အထိ ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အများစု၏ အဓိက လိုလားချက်နှင့် တောင်းဆိုချက်မှာ တိုင်းရင်းသား အားလုံး တန်းတူညီမျှရေး ဖြစ်ပြီး ၎င်းတို့အဓိက စိုးရိမ်ပူပန်နေသည့် အချက်မှာ ၎င်းတို့ လက်မှတ် ရေးထိုးထားသည့် NCA ပါ သဘောတူညီချက်များနှင့် ယခု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ၂၁ ရာစု ပင်လုံတို့အကြား ကြီးမားသည့် ကွဲပြားမှုမျိုး ရှိနိုင်သလားဟူသည့် အချက်ဖြစ်သည်ဟု ဦးဇော်ဌေးက ပြောသည်။

“တိုင်းရင်းသားတွေ ဘက်က စိုးရိမ်မှုတွေက ဒီ NCA က သွားနေတဲ့ သဘောတူညီမှုတွေနဲ့ အခု အသစ်ပေါ်လာတဲ့ ၂၁ ရာစု ပင်လုံနဲ့ တချို့နေရာတွေမှာ လုပ်ငန်း သဘော သဘာဝအရ တူညီနေတာ တွေအတွက်– မတူဘူးလား၊ အသစ် လုပ်မှာလား — ဆိုတာမျိုးတွေ မေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတာက ဒီ NCA ကို အခြေခံပြီးတော့ပဲ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားတွေ ပါလာအောင် ကိုယ့် ဘက်ကလည်း (တိုင်းရင်းသားအဖွဲ့တွေ ဘက်ကလည်း) ကူညီပေါ့။ အစိုးရဘက်ကလည်း လုပ်သွားမယ်ပေါ့။ အဲဒါလေးတွေ ဒီနေ့ ညှိနှိုင်းကြပါတယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

ယနေ့အစည်းအဝေးတွင် NCA လက်မှတ်ထိုးပြီးသား အဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ပြန်ပြီး သုံးသပ်ကြရန်နှင့် ထိုသို့သုံးသပ်မှုများ မပြီးခင်မှာ လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်လာနိုင်အောင် လက်ရှိ ဆွေးနွေးမှုများကို ကို ဒေါက်တာ တင်မျိုးဝင်းတို့အဖွဲ့က ရှင်းပြလျက် ရှိကြောင်း၊ ထိုဆောင်ရွက်မှု နှစ်ခုကို ပေါင်းပြီး ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရန် သဘောတူလိုက်ကြောင်းလည်း ၎င်းက ပြောသည်။

“အခု political framework ပြန် review လုပ်တာဟာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို စောင့်တာပါ။ သူတို့ကိုယ်တိုင် ပါလာပြီး သူတို့ကိုယ်တိုင် ပြင်ဆင် ဆွေးနွေးတယ်ဆိုတာ ဖြစ်လာအောင် စောင့်နေတာပါ” ဟု ၎င်းက ရှင်းပြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပြင်ဆင်ရေးကော်မတီ အစည်းအဝေးကို ဇူလိုင်လ (၃) ရက်တွင် နေပြည်တော်၌ ပြုလုပ်ရန် လျာထားကြောင်း သိရသည်။ (Xinhua)