Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို လက်ရှိ ပြည်ထောင်စု အစိုးရသည် တာဝန်ခံခြင်း ရှိ/မရှိ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသေအချာ ပြန်လည် သုံးသပ်ရမည့် ကိစ္စ ဖြစ်ဟုဆို

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

လက်ရှိ ပြည်ထောင်စု အစိုးရသည် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရခြင်း ဖြစ်ပြီး ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသေအချာ ပြန်လည် သုံးသပ်ရမည့် ကိစ္စဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားမှုအား နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိ ပြည်ထောင်စု အစိုးရက ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရတာပါ။ အခု ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသေအချာ ပြန်လည် သုံးသပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စတွေ၊ အယ်လ်နီညို ကိစ္စတွေဟာ အမျိုးသား အကျိုးစီးပွားနဲ့ ဆက်စပ်နေလို့ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးတွေက သွားရှင်းပြခဲ့တာပါ။ အခုတော့ နောက်ထပ် အဆိုတွေ မေးခွန်းတွေပါ ဆက်တိုက် တင်လာလို့ ဒုတိယအကြိမ် လွှတ်တော်အစည်း အဝေးတွေမှာ လက်ရှိအစိုး ရတာဝန် ရှိသူတွေ တက်ရောက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရ အဖွဲ့က ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ တကယ်လို့ နောက်တာဝန်ယူမယ့် အစိုးရ အဖွဲ့အနေနဲ့ သိသင့်တာ၊ အကြံပြုချင်တာရှိရင် တာဝန်လွှဲပြောင်းမှု အထောက်အကူပြု အဖွဲ့ချင်း ညှိနှိုင်း မေးမြန်း လို့ရပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြား ခဲ့သည်။

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ တက်ရောက်ရန် လွှတ်တော်က ဖိတ်ကြား ထားရှိသော်လည်း သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ တက်ရောက်ခဲ့မှု မရှိခြင်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.