Connect with us

Politics, Law & Military

မောင်တောဒေသ၌ ၇လအတွင်း ဒေသခံ ၃၃ဦး အသတ်ခံရဟု နိုင်ငံတော်အတိုင်ပင်ခံရုံးထုတ်ပြန်

မောင်တောဒေသ၌ ၂၀၁၆ အောက်တိုဘာလမှ ၂၀၁၇ မေလအထိအသတ်ခံရသော ဒေသခံများစာရင်းအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောဒေသ၌ ၂၀၁၆ အောက်တိုဘာလမှ ၂၀၁၇ မေလအထိ ယင်းကာလအတွင်း အပြစ်မဲ့ဒေသခံ ၃၃ ဦး အသတ်ခံထားရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အသတ်ခံခဲ့ရသော မောင်တောဒေသခံများသည် ဓားပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။မောင်တောဒေသ၌ ၇လအတွင်း ဖမ်းဆီးခံရခြင်းနှင့် ပျောက်ဆုံးနေသူ ဒေသခံ ၁၉ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117