Connect with us

Politics, Law & Military

၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း လူကုန်ကူးမှုပေါင်း ၂၇ မှုအားဖော်ထုတ်အရေးယူခဲ့ကြောင်းထုတ်ပြန်

လူကုန်ကူးမှုစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ဘေရွတ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

ဟစ်ဇ်ဘိုလာခေါင်းဆောင် Sayyed Hassan Nasrallah က ၎င်း၏တပ်ဖွဲ့အနေဖြင့် အစ္စရေးမြောက်ပိုင်း၌ အစ္စရေးစစ်ကားတစ်စီးအား စက်တင်ဘာ ၁ ရက်တွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် “ တိုက်ခိုက်မှုအစီအစဉ်သစ် စတင်တော့မည်” ဖြစ်ကြောင်း Al Manar ပြည်တွင်းရုပ်သံချန်နယ်က သတင်းဖော်ပြခဲ့သည်။

“ ဟစ်ဇ်ဘိုလာမှာ ကန့်သတ်မျဉ်းတွေ red lines မရှိတာကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် တိုက်ခိုက်မှုဟာ Shebaa ကွင်းပြင်ကျယ်ထက်ပိုပြီး ၁၉၄၈ ခုနှစ်မတိုင်မီ ပါလက်စတိုင်းရဲ့ ပိုင်နက်နယ်နိမိတ်မျဉ်းကို ကျော်လွန်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ” ဟု Avivim စစ်အခြေစိုက်စခန်းအနီးရှိ အစ္စရေးစစ်ကားတစ်စီးအား ဟစ်ဇ်ဘိုလာတို့က ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ပြီးနောက် ၁ ရက်အကြာတွင် Nasrallah က ပြောကြားခဲ့ခြင်းဖြစ်သည်။

Nasrallah က ၎င်း၏တပ်ဖွဲ့အနေဖြင့် Avivim စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ရခြင်း ရည်ရွယ်ချက်မှာ အစ္စရေးနိုင်ငံအား ၎င်းတို့၏ တပ်ဖွဲ့ နှင့် ၎င်းတို့၏ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး လက်ဘနွန်ကို တိုက်ခိုက်လာပါက အန္တရာယ်ကြီးမားသော ဟစ်ဇ်ဘိုလာတို့၏ လက်တုန့်ပြန်တိုက်ခိုက်မှုဖြင့်ကြုံတွေ့ရမည်ဆိုသည့် သတင်းစကားကို ပါးလို ခြင်းဖြစ်ကြောင်း ဆိုသည်။

အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ Avivim မြို့သည် လက်ဘနွန်နိုင်ငံနယ်နိမိတ်နှင့်ထိစပ်နေပြီး ဟစ်ဇ်ဘိုလာတို့က အစ္စရေးစစ်ကားတစ်စီးအား ဖျက်ဆီးခဲ့ခြင်းမှာ ပြီးခဲ့သော သြဂုတ် ၂၄ ရက်က ဆီးရီးယားနိုင်ငံအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က လေကြောင်းဗုံးကျဲတိုက်ခိုက်မှုတစ်ခု ပြုလုပ်စဉ် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမား ၂ ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ် နှင့် သြဂုတ် ၂၅ ရက်က ဘေရွတ်မြို့တောင်ပိုင်း ဒေသအား အစ္စရေးမောင်းသူမဲ့လေယာဉ်ငယ်(ဒရုန်း) ဖြင့်တိုက်ခိုက်ခဲ့ခြင်းတို့ကို လက်တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.