Connect with us

Politics, Law & Military

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ သတ်မှတ်ချိန်တွင်း ပြီးစီးရန် ဒုတိယ သမ္မတ ဦးမြင့်ဆွေ တိုက်တွန်း

ရခိုင်ပြည်နယ် မောင်တောဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများ နှင့်ပတ်သက်သည့် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

နေပြည်တော်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများ နှင့်ပတ်သက်သည့် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပြုစုရေးသားရန် ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက တိုက်တွန်း ပြောကြားခဲ့သည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ်အတွင်း မောင်တော ဒေသ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စွပ်စွဲချက်အမျိုးမျိုး ၊ ကောလာ ဟလအမျိုးမျိုးတို့သည် အမှန်တကယ် မြေပြင်အခြေအနေများနှင့် ကွဲပြားခြားနားစွာ ပေါ်ထွက်လာမှုများရှိနေ ကြောင်း၊ မောင်တောဒေသ၏ အခြေအနေမှန်များကို သိရှိစေရန် ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို ဇန်နဝါရီလ ၃ ရက်တွင် တင်ပြပြီး အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆိုသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေးတွင် ရခိုင်ပြည်နယ်ကို မိမိတို့အဖွဲ့အနေဖြင့် သွားရောက်ထိတွေ့နိုင်ရန် စီစဉ်လျက် ရှိပြီး ရခိုင်ပြည်နယ်၌ ပဋိပက္ခဖြစ်ရခြင်း၏ အကြောင်းအရင်းများစွာအနက် အဓိက အကြောင်းတစ်ရပ်သည် စီးပွားရေးမဖွံ့ဖြိုး မတိုးတက်ဘဲ လူနေမှုအဆင့်အတန်း နိမ့်ကျ နေခြင်းပင်ဖြစ်ကြောင်း၊ ညီညွတ်မှု၊ ငြိမ်းချမ်းမှု၊ နားလည်မှု၊ ဖွံ့ဖြိုးမှုတို့ကို လုပ်ဆောင်နိုင်ရန် အရေးကြီးသည်ဟု ထင်မြင်ယူဆပါကြောင်း ကော်မရှင်အဖွဲ့ဝင် ဘာသာပေါင်း စုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက၊ အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်က အကြံပြု ဆွေးနွေးသည်။

ရခိုင်ပြည်နယ် မောင်တောဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများ နှင့်ပတ်သက်သည့် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေး (၁/၂၀၁၇) ကို ဇန်နဝါရီ ၅ရက်နေ့ ညနေ ၃ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.