Connect with us

Politics, Law & Military

ကျပ်သိန်းပေါင်း ၁၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ တာချီလိတ်မြို့၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ဖမ်းဆီးရမိ

ဖမ်းဆီးရမိ တရားခံ ဦး--၂၀ နှစ်အား ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-တာချီလိတ်မူးယစ်)

ရန်ကုန်၊ ဇွန်၂၁ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျပ်သိန်းပေါင်း ၁၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများအား ဇွန်လ ၂၀ ရက်တွင် တာချီလိတ်မြို့၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ဖမ်းဆီးရမိကြောင်း တာချီလိတ် မူးယစ်တပ်ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

တာချီလိတ်မြို့၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ရေပူစမ်း ကျေးရွာမှ တာချီလိတ်သို့ ဦး—(ကျား) မောင်းနှင်လာသော ၆ယ/– အမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာ ဆိုင်ကယ် ဖင်ထိုင်ခုံ အောက်ရှိ ဆီတိုင်ကီဘေး ကာဘာကြားမှ အဖြူရောင် ပလပ်စတစ်ဖြင့် တစ်ထပ်၊ ရှမ်းစက္ကူဖြင့် တစ်ထပ် ထုပ်ပိုးထားပြီး (1) တံဆိပ်ပါ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀) ပြားစီပါ (၁၉) ထုပ်နှင့် (၁၉၅) ပြားပါ (၁) ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၃,၉၉၅) ပြား၊ အလေးချိန် (၃၈၃) ဂရမ်ခန့်၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၁၀၀) ခန့်အား တွေ့ရှိသဖြင့် ဖမ်းဆီးရမိ တရားခံ ဦး–၂၀ နှစ်အား တာချီလိတ်မြို့မရဲစခန်း မယ (ပ) ၄၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူ ဆောင်ရွက်ထားရှိပြီး ကွင်းဆက် တရားခံအား စုံစမ်း ဖော်ထုတ်လျက် ရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.