Connect with us

Politics, Law & Military

အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ငြိမ်းချမ်းရေး နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုအား အဓိက ဆွေးနွေး သွားမည်

အေဆမ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာလတွင် ပြုလုပ်သွားမည် ဖြစ်ရာ ငြိမ်းချမ်းရေး နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ၏ အရေးပါမှုအား အဓိက Theme အဖြစ် ဆွေးနွေး သွားမည် ဖြစ်ကြောင်း အေဆမ် မြန်မာ အဆင့်မြင့် အရာရှိကြီး ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

အေဆမ်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားအား ယနေ့စက်တင်ဘာ ၇ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၁ ၌ ကျင်းပခဲ့ရာ ၎င်းက အဖွင့် အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုမှာ မြန်မာနိုင်ငံအတွက် သာမက ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး အတွက် အရေးပါကြောင်း ၊ အားလုံး ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

ထို့အတူ အေဆမ် မိတ်ဖက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုမှာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ အေဆမ် မိတ်ဖက်များ အနေဖြင့် အေဆမ်အဖွဲ့၏ ကောင်းမွန်သည့် နီးကပ်သည့် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု အစဉ်အလာ ကို တတိယ ဆယ်စုနှစ်ထိတိုင် ဆက်လက် ထိန်းသိမ်း လာခဲ့ခြင်းအတွက် ဝမ်းမြောက်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အေဆမ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သည့် အုပ်စုခွဲ အစည်း အဝေး များကို ကျင်းပလျက် ရှိရာ အာဆီယံနှင့် အာရှအုပ်စုအစည်းအဝေး များတွင် အေဆမ် မြန်မာ အဆင့်မြင့် အရာရှိကြီး ဖြစ်သည့် ဦးကျော်ဇေယျက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကျင်းပလျက်ရှိသည့် အေဆမ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာနိုင်ငံ အပါအဝင် အေဆမ်မိတ်ဖက်နိုင်ငံ ၅၁ နိုင်ငံ၊ အီးယူ၊ အာဆီယံအတွင်းရေးမှူးရုံးနှင့် အာရှ-ဥရောပ ဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.