Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အရေး ဆွေးနွေးမှုအဖြေရှာ စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်အရေး ဆွေးနွေးမှုအဖြေရှာခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မြဝတီမီဒီယာဂရုမှ ဦးစီးကျင်းပသော ရခိုင်ပြည်နယ်အရေးဆွေးနွေးမှုအဖြေရှာ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ စက်တင်ဘာလ ၇ ရက်နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Gandamar Grand Ballroom တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲ၌ ရိုဟင်ဂျာဟူသော အမည်ပေါ်ပေါက်လာပုံ၊ပြဿနာဖြစ်ပွားရသည့်အကြောင်းအရင်းများ၊လူဝင်မှုနှင့်နိုင်ငံသားဖြစ်မှု၊ ရခိုင်အရေးတွင်ပြင်ပမှပါဝင်ပတ်သက်မှု၊အခြားအာဆီယံနိုင်ငံများနှင့်ဆက်ဆံရေးနှင့် ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲစသည့် ခေါင်းစဉ်များဖြင့် နိုင်ငံရေးသုတေသီဦးကိုကိုလှိုင်၊ ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များ သုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဂျာ့ဂျ်ပီလိုက်ဒါတို့ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များ သုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဂျာ့ဂျ်ပီလိုက်ဒါသည် ရခိုင်ပြည်နယ်အကြောင်း သုတေသနပြုခဲ့၍ မြောက်ဦးဘုရင်အကြောင်းကိုလည်း သူတေသနပြုလုပ်ကာ ပါရဂူဘွဲ့ရရှိခဲ့သူတစ်ဦးဖြစ်သည်။ရိုဟင်ဂျာလူမျိုးသည်မြန်မာနိုင်ငံမှာမရှိကြောင်း၊ သမိုင်းဆိုင်ရာအထောက်အထားများအရဘင်္ဂလားဒေ့ရှ်နိုင်ငံမှတရားမဝင်ဝင်ရောက်လာသော ဘင်္ဂါလီများသာ ရခိုင်ပြည်နယ်တွင်ရှိကြောင်း နိုင်ငံရေးသုတေသီ ဦးကိုကိုလှိုင်က ပြောကြား သည်။နိုင်ငံတကာက ရိုဟင်ဂျာဟု ခေါ်ဝေါ်နေမှုသည် လူမျိုးဇာစ်မြစ်နှင့် လူမှုဆိုင်ရာ သမိုင်းများမှ ကြီးမာစွာကွဲထွက်နေကြောင်း ထင်ဟပ်နေပြီး ဝိသေသလက္ခဏာ တစ်ခုတစ်လေကိုင်ပင် ထောက်ပြရန် အခက်အခဲရှိသည်ကြောင်း ဒေါက်တာဂျာ့ဂျ်ပီလိုက်ဒါက ဆိုသည်။(Xinhua)