Connect with us

Politics, Law & Military

ဥပဒေများ အသစ်ရေးဆွဲ၊ ပြင်ဆင်၊ ရုပ်သိမ်းရာ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ သဝဏ်လွှာပေးပို့

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေများ အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် ရုပ်သိမ်းခြင်းများပြုလုပ်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလေးထားဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေးပို့လိုက်သည်။

အဆိုပါ ဥပဒေများကို ဆောင်ရွက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းပြီး လိုက်နာရန် ကတိပြုထားသည့်အတိုင်း အလေးထားဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။

နိုင်ငံတော် သမ္မတမှ ပေးပို့သော သဝဏ်လွှာတွင် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး တိုင်းရင်းသားများနှင့် လက်တွဲဆောင်ရွက်ရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက်အစည်းအဝေးများကို မတ်၁၇ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.